လူ ၅၀ အထိဖိတ်ပြီး video call ပြောဆိုနိုင်မယ့် Messenger Rooms ကို Facebook ဖြန့်ချိ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူစုလူဝေးရှောင်ကြဉ်တာနဲ့ lockdown လုပ်တာ‌တွေကြောင့် လူတွေက ဗီဒီယို chat တွေကို ပိုမိုအသုံးပြုကြတယ်။ Facebook ကလည်း ဈေးကွက်မှာ Zoom, Skype နဲ့ Microsoft Teams တွေကို ယှဉ်ပြိုင်ဖို့ Messenger Rooms ဆိုတဲ့ feature ကိုဖြန့်လိုက်ပါတယ်။

Facebook Messenger Rooms ဟာ သီးခြား app မဟုတ်ပါဘူး။ Facebook ဒါမှမဟုတ် Messenger app ကတစ်ဆင့် လူ ၅၀ အထိ ဖိတ်ပြီး video call ပြောဆိုနိုင်ပါတယ်။ Facebook account မရှိတဲ့လူတွေကိုလည်း ဖိတ်နိုင်ပြီး အချိန်မကန့်သတ်ထားပါဘူး။

Messenger Rooms ကို Zoom နေရာအစားထိုးဖို့ အသုံးပြုနိုင်ပါတယ်။ Zoom ဟာ လွန်ခဲ့တဲ့ ၂ ပတ်လောက်က လုံခြုံရေးနဲ့ တစ်ကိုယ်ရေအချက်အလက်ပေါက်ကြားမှု ပြဿနာတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

အခုအခါမှာတော Facebook Messenger Rooms ကို တစ်ကမ္ဘာလုံးဆီ မဖြန့်ချိမီ ဒီတစ်ပတ်အတွင်း နိုင်ငံတချို့မှာ ဖြန့်ချိထားပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က Facebook စီအီးအို မာ့ခ်ဇူကာဘတ်က live လွှင့်ပြီး Facebook Messenger Rooms ကိုဘယ်လိုအသုံးပြုနိုင်ကြောင်း တစ်ကိုယ်ရေအချက်အလက် ကိုင်တွယ်ပုံကို ရှင်းပြခဲ့ပါတယ်။

စိုးထက်
Ref: CNET

သင်သိပါသလား? မိမိဆီကို နောက်ဆုံးရ သတင်းမှန်သမျှ အမြဲပို့ပေးစေချင်ရင် အင်တာနက်ဂျာနယ် Messenger Bot ဖြစ်တဲ့ m.me/internetjournal ကို နှိပ်ထားလိုက်ရုံပဲဆိုတာ . . .