လူ ၂၀၀ ပါဝင်ကစားနိုင်မယ့် ပွဲတွေ ထောက်ပံ့မယ့် Call of Duty: Warzone

နာမည်ကျော် battle royale သေနတ်ပစ်ဂိမ်း Call of Duty: Warzone မှာ လူ ၁၅၀ ပါဝင်တဲ့ ပွဲတွေ ကစားနိုင်ပေမယ့် Quad mode ပြိုင်ပွဲတွေမှာ လူ၂၀၀ အထိ ပါဝင်ဖို့ ခွင့်ပြုမယ်လို့ Actvision က ကြေညာခဲ့ပါတယ်။

Warzone ရဲ့ ပါဝင်ကစားသူ လက်ခံတာများပြားမှုက အခြား battle royale ဂိမ်းတွေနဲ့ ခြားနားစေပါတယ်။ အခု update ပေါ်လာတဲ့အခါ Quad mode မှာ လူ၂၀၀ အထိ ပါဝင်ကစားနိုင်ပြီး ၄ ယောက်ပါတဲ့ အဖွဲ့နဲ့ အခြား ၄၉ ဖွဲ့ကို ယှဉ်ပြိုင်ရပါမယ်။

အခု mode ကို အချိန်အကန့်အသတ်အတွင်းမှာပဲ ကစားနိုင်မယ်လို့ Actvision ရဲ့ ဘလော့က ဓာတ်ပုံအရ သိရပါတယ်။

စိုးထက်
Ref: TheVerge