လူ႔စြမ္းအားအရင္းအျမစ္ဖြံ႕ၿဖိဳးမႈဌာန ရန္ကုန္တကၠသိုလ္ ဥပေဒပညာဌာနမွ ဒီပလိုမာသင္တန္း ၄ ခုအတြက္ ေလွ်ာက္လႊာေခၚယူ

[ Zawgyi ]

လူ႔စြမ္းအားအရင္းအျမစ္ ဖြံ႕ၿဖိဳးမႈဌာန ရန္ကုန္တကၠသိုလ္ ဥပေဒပညာဌာနမွ ဒီပလိုမာသင္တန္း ၄ ခုအတြက္ ေလွ်ာက္လႊာေတြကို ေမလ ၂၈ ရက္မွစၿပီး ေခၚယူေနၿပီျဖစ္တယ္လို႔ သိရပါတယ္။

ဖြင့္လွစ္ေပးသြားမယ့္ သင္တန္းမ်ားမွာ စီးပြားေရးလုပ္ငန္းဥပေဒ ဒီပလိုမာသင္တန္း (Diploma in Business Law Course No.20), ပင္လယ္ေရေၾကာင္းဥပေဒ ဒီပလိုမာသင္တန္း (Diploma in Maritime Law Course No.17), အျပည္ျပည္ဆိုင္ရာဥပေဒ ဒီပလိုမာသင္တန္း (Diploma in International Law Course No.15), Diploma in Intellectual Property Law (DIPL Law Course No.3) စတဲ့သင္တန္းမ်ားဖြင့္လွစ္ေပးသြားမွာ ျဖစ္ပါတယ္။ သင္တန္းဝင္ခြင့္ အရည္အခ်င္း အေနနဲ႔ တကၠသိုလ္ တစ္ခုခုမွဘြဲ႕ရၿပီးသူ၊ ဘြဲ႕လက္မွတ္မိတၱဴ ၂ ေစာင္၊ ဘြဲ႕မူရင္းျပရန္နဲ႔ ဓာတ္ပုံ ၅ ပုံ နဲ႔ ေလွ်ာက္လႊာဝယ္ယူရာမွာ ဘြဲ႕လက္မွတ္မူရင္း ယူေဆာင္လာရမွာ ျဖစ္တယ္လို႔ သိရပါတယ္။

သင္တန္းကာလ ၉ လ ၾကာျမင့္မွာျဖစ္ၿပီး ေလွ်ာက္လႊာေတြကို ဇြန္လ ၁ ရက္ ေနာက္ဆုံးထား ေလွ်ာက္ထားရမွာ ျဖစ္ပါတယ္။ အေသးစိတ္သိရွိလိုပါက ရာမညေဆာင္၊ ဥပေဒပညာဌာန၊ ရန္ကုန္တကၠသိုလ္ ဖုန္း ၀၉- ၇၈၇၀၀၂၄၃၉ သုိ႔ ဆက္သြယ္ စုံစမ္းႏိုင္ပါတယ္။

-ေဝေဝ

==========

[ Unicode ]

လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုဌာန ရန်ကုန်တက္ကသိုလ် ဥပဒေပညာဌာနမှ ဒီပလိုမာသင်တန်း ၄ ခုအတွက် လျှောက်လွှာခေါ်ယူ

==========

လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှုဌာန ရန်ကုန်တက္ကသိုလ် ဥပဒေပညာဌာနမှ ဒီပလိုမာသင်တန်း ၄ ခုအတွက် လျှောက်လွှာတွေကို မေလ ၂၈ ရက်မှစပြီး ခေါ်ယူနေပြီဖြစ်တယ်လို့ သိရပါတယ်။

ဖွင့်လှစ်ပေးသွားမယ့် သင်တန်းများမှာ စီးပွားရေးလုပ်ငန်းဥပဒေ ဒီပလိုမာသင်တန်း (Diploma in Business Law Course No.20), ပင်လယ်ရေကြောင်းဥပဒေ ဒီပလိုမာသင်တန်း (Diploma in Maritime Law Course No.17), အပြည်ပြည်ဆိုင်ရာဥပဒေ ဒီပလိုမာသင်တန်း (Diploma in International Law Course No.15), Diploma in Intellectual Property Law (DIPL Law Course No.3) စတဲ့သင်တန်းများဖွင့်လှစ်ပေးသွားမှာ ဖြစ်ပါတယ်။ သင်တန်းဝင်ခွင့် အရည်အချင်း အနေနဲ့ တက္ကသိုလ် တစ်ခုခုမှဘွဲ့ရပြီးသူ၊ ဘွဲ့လက်မှတ်မိတ္တူ ၂ စောင်၊ ဘွဲ့မူရင်းပြရန်နဲ့ ဓာတ်ပုံ ၅ ပုံ နဲ့ လျှောက်လွှာဝယ်ယူရာမှာ ဘွဲ့လက်မှတ်မူရင်း ယူဆောင်လာရမှာ ဖြစ်တယ်လို့ သိရပါတယ်။

သင်တန်းကာလ ၉ လ ကြာမြင့်မှာဖြစ်ပြီး လျှောက်လွှာတွေကို ဇွန်လ ၁ ရက် နောက်ဆုံးထား လျှောက်ထားရမှာ ဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ရာမညဆောင်၊ ဥပဒေပညာဌာန၊ ရန်ကုန်တက္ကသိုလ် ဖုန်း ၀၉- ရ၈၇၀၀၂၄၃၉ သို့ ဆက်သွယ် စုံစမ်းနိုင်ပါတယ်။

-ဝေဝေ