လူဦးေရ ၂.၅ ဘီလ်ံက အနည္းဆံုး Facebook app တစ္ခု အသံုးျပဳေန

[Zawgyi]

ဇြန္လအတြင္းမွာ လူဦးေရ ၂.၅ ဘီလ်ံဟာ ကုမၸဏီရဲ႕ app ေတြျဖစ္တဲ့ Facebook, Instagram, WhatsApp နဲ႔ Messenger ထဲက အနည္းဆံုးတစ္ခုကို အသံုးျပဳေနၾကတယ္လို႔ Facebook က ေၾကညာခဲ့ပါတယ္။

လူေတြဟာ app တစ္ခုေပၚမွာ တစ္ခုထက္ပိုတဲ့ account ေတြကို ပိုင္ဆိုင္ထားၾကပါတယ္။ ဒါဟာ account ေတြအစား လူေတြကို ေရတြက္ထားတာျဖစ္တဲ့အတြက္ အသံုးဝင္တဲ့ ကိန္းဂဏန္းတစ္ခုလည္းျဖစ္ပါတယ္။


အဆိုပါ ကိန္းဂဏန္းသစ္ကို Mark Zuckerberg က Facebook ရဲ႕ ၂၀၁၈ ဒုတိယသံုးလပတ္ ဝင္ေငြအစီရင္ခံစာနဲ႔အတူ ထုတ္ျပန္ခဲ့တာျဖစ္ပါတယ္။ ဒီကိန္းဂဏန္းဟာ active account ေတြထက္ တစ္ဦးတစ္ေယာက္ခ်င္းစီကို ေရတြက္ထားတာျဖစ္ၿပီး app တစ္ခုေပၚက account အမ်ားအျပား ပိုင္ဆိုင္သူေတြကို ဖယ္ထုတ္ထားတယ္လို႔ Zukcerberg က ေျပာၾကားခဲ့ပါတယ္။

Facebook ဘ႑ာေရးအရာရိွခ်ဳပ္ David Wehner ကလည္း Facebook ကို လစဥ္သံုးစြဲသူ ၂.၂၃ ဘီလ်ံရိွၿပီး account အမ်ားအျပားကို ပိုင္ဆုိင္တဲ့ သံုးစြဲသူပမာဏက လစဥ္သံုးစြဲသူဦးေရရဲ႕ ၁၀ ရာခိုင္ႏႈန္း ဒါမွမဟုတ္ ၂၂၃ သန္းရိွတယ္လို႔ ရွင္းျပခဲ့ပါတယ္။

Ref: TechCrunch

-ေနာင္ေနာင္

[Unicode]

ဇွန်လအတွင်းမှာ လူဦးရေ ၂.၅ ဘီလျံဟာ ကုမ္ပဏီရဲ့ app တွေဖြစ်တဲ့ Facebook, Instagram, WhatsApp နဲ့ Messenger ထဲက အနည်းဆုံးတစ်ခုကို အသုံးပြုနေကြတယ်လို့ Facebook က ကြေညာခဲ့ပါတယ်။

လူတွေဟာ app တစ်ခုပေါ်မှာ တစ်ခုထက်ပိုတဲ့ account တွေကို ပိုင်ဆိုင်ထားကြပါတယ်။ ဒါဟာ account တွေအစား လူတွေကို ရေတွက်ထားတာဖြစ်တဲ့အတွက် အသုံးဝင်တဲ့ ကိန်းဂဏန်းတစ်ခုလည်းဖြစ်ပါတယ်။


အဆိုပါ ကိန်းဂဏန်းသစ်ကို Mark Zuckerberg က Facebook ရဲ့ ၂၀၁၈ ဒုတိယသုံးလပတ် ဝင်ငွေအစီရင်ခံစာနဲ့အတူ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဒီကိန်းဂဏန်းဟာ active account တွေထက် တစ်ဦးတစ်ယောက်ချင်းစီကို ရေတွက်ထားတာဖြစ်ပြီး app တစ်ခုပေါ်က account အများအပြား ပိုင်ဆိုင်သူတွေကို ဖယ်ထုတ်ထားတယ်လို့ Zukcerberg က ပြောကြားခဲ့ပါတယ်။

Facebook ဘဏ္ဍာရေးအရာရှိချုပ် David Wehner ကလည်း Facebook ကို လစဉ်သုံးစွဲသူ ၂.၂၃ ဘီလျံရှိပြီး account အများအပြားကို ပိုင်ဆိုင်တဲ့ သုံးစွဲသူပမာဏက လစဉ်သုံးစွဲသူဦးရေရဲ့ ၁၀ ရာခိုင်နှုန်း ဒါမှမဟုတ် ၂၂၃ သန်းရှိတယ်လို့ ရှင်းပြခဲ့ပါတယ်။

Ref: TechCrunch

-နောင်နောင်