လူအခွင့်အရေးအခြေခံသင်တန်း အမှတ်စဉ် (၄) အတွက် သင်တန်းသားခေါ်ယူ

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ လူ့အခွင့်အရေးအခြေခံသင်တန်း အမှတ်စဉ် (၄) ကို ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

အဆိုပါသင်တန်းကို ပြည်သူလူထုအတွင်း လူ့အခွင့်အရေးအသိပညာ တိုးပွားစေရေးအတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပြီး စက်တင်ဘာ ၂၇ ရက် မှ အောက်တိုဘာ ၁၀ ရက် အထိ နံနက် ၇ နာရီမှ ၉ နာရီအထိ တက်ရောက်ရမှာဖြစ်ပါတယ်။ အခမဲ့သင်တန်းဖြစ်ပြီး စာရွက်စာတမ်းကြေးတွေကိုတော့ သင်တန်းသားဘက်မှ အကုန်အကျခံပေးရမှာ ဖြစ်ပါတယ်။ တက်ရောက်လိုသူတွေ အနေနဲ့ လူကိုယ်တိုင်သော်လည်းကောင်း၊ အွန်လိုင်းမှ လျှောက်ထားလိုသူတွေ အနေနဲ့ www.mnhrc.org.mm နဲ့ www.facebook.com/Myanmarnhrc မှလည်းကောင်း လျှောက်ထားနိုင်ပါတယ်။ စက်တင်ဘာ ၁၀ ရက် မှ ၁၇ ရက်အထိ လျှောက်ထားရမှာဖြစ်ပြီး လိုင်စင်ဓာတ်ပုံ ၂ ပုံ၊ မှတ်ပုံတင်မိတ္တူနဲ့ စာရွက်စာတမ်းကြေး တစ်သောင်းကျပ် တိတိကို ပေးသွင်းရမှာ ဖြစ်ပါတယ်။

အသေးစိတ်ကို မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် ပညာပေးရေးဌာန အမှတ် ၂၇၊ ပြည်လမ်း၊ ခြောက်မိုင်ခွဲ၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း- ၀၁-၆၅၄၆၈၁ လိုင်းခွဲ ၈၃၁ ကို ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်။

-သန္တာ