လူသံုးကုန္ပစၥည္းထုတ္လုပ္မႈ နည္းပညာသင္တန္း ဖြင့္လွစ္မည္

[ Zawgyi ]

လူသံုးကုန္ပစၥည္းထုတ္လုပ္မႈ နည္းပညာသင္တန္းကို ၾသဂုတ္ ၂၆ ရက္ မွ ၃၀ ရက္အထိ ရန္ကုန္တုိင္းေဒသႀကီး အေသးစားစက္မႈလက္မႈ လုပ္ငန္းဦးစီးဌာန႐ံုး၀န္းမွာ ဖြင့္လွစ္သြားမယ္လုိ႔ သိရပါတယ္။

သင္တန္းကို အေျခခံလူတန္းစားမ်ား အလုပ္အကုိင္အခြင့္အလမ္း ရရွိေစရန္၊ ေစ်းကြက္၀င္တန္းဖိုးျမင့္ ပစၥည္းေတြ ထုတ္လုပ္ႏုိင္ေစရန္၊ လူမႈစီးပြားဘ၀ျမင့္မားလာေစရန္ ရည္ရြယ္ကာ ဖြင့္လွစ္ျခင္းျဖစ္တယ္လို႔ သိရပါတယ္။ သင္တန္းခ်ိန္ေတြကေတာ့ နံနက္ ၉ နာရီခြဲမွ ညေန ၄ နာရီအထိ ျဖစ္ၿပီး ဆပ္ျပာခဲ၊ ဆပ္ျပာခရင္ (မ္)၊ ဆပ္ျပာရည္အမ်ိဳးမ်ိဳး၊ ေခါင္းေလွ်ာ္ရည္အမ်ိဳးမ်ိဳး၊ သြားတုိက္ေဆး၊ ေၾကြေခ်းခၽြတ္ေဆး၊ မွန္ၾကည္ေဆး နဲ႔ လူသံုးကုန္ဆုိင္ရာ ဓာတုေဗဒပစၥည္းေတြအေၾကာင္းကို သင္ၾကားပို႔ခ်ေပးမွာျဖစ္ပါတယ္။

သင္တန္းေၾကးမွာ တစ္ေသာင္းက်ပ္ျဖစ္ၿပီး လက္ေတြ႕ျပသရန္ ကုန္ၾကမ္း၀ယ္ယူသည့္ ကုန္က်စရိတ္ကို အခ်ိဳးက်ခံရမွာျဖစ္ပါတယ္။ တက္ေရာက္လုိသူေတြ အေနနဲ႔ အေသးစိတ္ကုိ ဖုန္း – ၀၁-၆၆၅၈၀၆၊ ၆၆၁၃၅၃ နဲ႔ ၀၉၄၀၁၆၇၆၀၅၀ ကို ဆက္သြယ္ေမးျမန္း စံုစမ္းႏုိင္ပါတယ္။

-သႏၲာ

[ Unicode ]

လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုနည်းပညာသင်တန်းကို သြဂုတ် ၂၆ ရက် မှ ၃၀ ရက်အထိ ရန်ကုန်တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံးဝန်းမှာ ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။

သင်တန်းကို အခြေခံလူတန်းစားများ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရန်၊ စျေးကွက်ဝင်တန်းဖိုးမြင့် ပစ္စည်းတွေ ထုတ်လုပ်နိုင်စေရန်၊ လူမှုစီးပွားဘဝမြင့်မားလာစေရန် ရည်ရွယ်ကာ ဖွင့်လှစ်ခြင်းဖြစ်တယ်လို့ သိရပါတယ်။ သင်တန်းချိန်တွေကတော့ နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီအထိ ဖြစ်ပြီး ဆပ်ပြာခဲ၊ ဆပ်ပြာခရင် (မ်)၊ ဆပ်ပြာရည်အမျိုးမျိုး၊ ခေါင်းလျှော်ရည်အမျိုးမျိုး၊ သွားတိုက်ဆေး၊ ကြွေချေးချွတ်ဆေး၊ မှန်ကြည်ဆေး နဲ့ လူသုံးကုန်ဆိုင်ရာ ဓာတုဗေဒပစ္စည်းတွေအကြောင်းကို သင်ကြားပို့ချပေးမှာဖြစ်ပါတယ်။

သင်တန်းကြေးမှာ တစ်သောင်းကျပ်ဖြစ်ပြီး လက်တွေ့ပြသရန် ကုန်ကြမ်းဝယ်ယူသည့် ကုန်ကျစရိတ်ကို အချိုးကျခံရမှာဖြစ်ပါတယ်။ တက်ရောက်လိုသူတွေ အနေနဲ့ အသေးစိတ်ကို ဖုန်း – ၀၁-၆၆၅၈၀၆၊ ၆၆၁၃၅၃ နဲ့ ၀၉၄၀၁၆၇၆၀၅၀ ကို ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်။