လူမျိုးရေးခွဲခြားခံရမှုကို မီးမောင်းထိုးပြတဲ့ ရုပ်ရှင်ကားများ

ပြီးခဲ့တဲ့လက မီနီယာပိုလစ်မြို့မှာ ဂျော့ဖလွိုက် အသတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး လူမျိုးရေး တရားမျှတမှုမရှိတဲ့ ကိစ္စအပေါ် ကမ္ဘာတစ်ဝန်းနဲ့ အမေရိကန်မှာ ဆန္ဒပြခဲ့ကြပါတယ်။ ရဲတွေရဲ့ ရက်စက်မှုနဲ့ စနစ်တကျ လူမျိုးရေးခွဲခြားမှုလိုမျိုး နက်ရှိုင်းတဲ့ ပြဿနာတွေက သတင်းခေါင်းကြီးအဖြစ် ပါဝင်နေပါတယ်။ အဲဒီ ပြဿနာကို ပိုမိုနားလည်ဖို့ စွမ်းအားအပြင်းဆုံး အလွယ်တကူ လက်လှမ်းမီနိုင်တဲ့ နည်းလမ်းက ရုပ်ရှင်နဲ့ တီဗီအစီအစဉ်တွေပါပဲ။

When They See Us

အေဗာဒူဗာနေရဲ့ အသည်းယားစဖွယ် Netflix မီနီစီးရီးက Central Park Five လို့သိကြတဲ့ မှားယွင်းစွာ စွပ်စွဲခံရတဲ့ ဆယ်ကျော်သက်တွေရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေပြုထားတာပါ။

Fruitvale Station

Marvel ရဲ့ Black Panther ဇာတ်ကားရိုက်ကူးခဲ့တဲ့ ရိုင်ယန်ကူးဂလာ ရေးသား၊ ရိုက်ကူးတဲ့ ဇာတ်ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ မိုက်ကယ်ဘီဂျောဒန် ပါဝင်ထားပါတယ်။ ဇာတ်ကားက အတ္ထုပ္ပတ္ထိအမျိုးအစား ဖြစ်ပြီး ၂၀၀၉ ခုနှစ်အတွင်း လူဖြူရဲတစ်ဦးက အော်စကာဂရန့် ၃ ကို သတ်ခဲ့တဲ့ ဇာတ်လမ်း တင်ဆက်ထားတာပါ။

The Hate U Give

အန်ဂျီသောမတ်စ်ရေးသားတဲ့ ဝတ္ထုကို အခြေခံထားတဲ့ The Hate U Give က ကြွယ်ဝမှုနဲ့ နွမ်းပါးမှုအကြား ဟန်ချက်ညီအောင် ရုန်းကန်နေရတဲ့ ဆယ်ကျော်သက်မိန်းကလေးတစ်ဦး ဇာတ်လမ်းပါ။ သူမဟာ နွမ်းပါးတဲ့ လူမည်းရပ်ကွက်မှာ နေထိုင်ပေမယ့် ချမ်းသားတဲ့ လူဖြူကျောင်းကို တက်ရပါတယ်။ သူမရဲ့ ကလေးဘဝ သူငယ်ချင်းတစ်ဦးကို ရဲတစ်ယောက်က သတ်လိုက်တာ မျက်မြင်ကိုယ်တွေ့ မြင်ရပြီးနောက် ကိစ္စတွေက ပိုမိုနက်ရှိုင်းလာပါတယ်။

Rest in Power: The Trayvon Martin Story

၂၀၁၂ ခုနှစ်မှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတဲ့ အသက် ၁၇ နှစ်အရွယ် ထရာဗွန်မာတင် ဘဝနဲ့ အမွေအနှစ်ဆိုင်ရာ မှတ်တမ်းကားဖြစ်ပါတယ်။ အခု မှတ်တမ်းကားမှာ အပိုင်း ၆ ခုအထိ ပါဝင်လာပါတယ်။

13th

ရုပ်ရှင်ဒါရိုက်တာ အေဗာဒူဗာနေက Netflix မှတ်တမ်းကားထဲမှာ လူမျိုးရေးဆိုင်ရာ မညီမျှမှုကို စူးစမ်းထားပါတယ်။ လူများစွာကို အကျဉ်းချမှုက ကျွန်ပြုမှုကို တိုးချဲ့ကိစ္စအပေါ် ဆွေးနွေးထားပါတယ်။

BlacKkKlansman

နာမည်ကျော်ဒါရိုက်တာ Spike Lee ရဲ့ဇာတ်ကားဖြစ်ပြီး အော်စကာဆုလည်း ရရှိထားပါတယ်။ အာဖရိကန်-အမေရိကန် ပထမဆုံးစုံထောက်က ကိုလိုရာဒိုစပရင်းရဲဌာနမှာ လုပ်ကိုင်ရင်း ကေသုံးလုံးဂိုဏ်းထဲ ထိုးဖောက်ဝင်ရောက်တဲ့အကြောင်း ရိုက်ကူးပြထားပါတယ်။

Moonlight

၂၀၁၆ က ထွက်ရှိခဲ့တဲ့ Moonlight ရုပ်ရှင်က အကောင်းဆုံးရုပ်ရှင် ဇာတ်ညွှန်းနဲ့ အကောင်းဆုံးရုပ်ရှင် အကယ်ဒမီဆုကို ရရှိခဲ့ပါတယ်။ ဇာတ်ကားမှာ ပါဝင်ခဲ့တဲ့ မာရှာလာအလီကလည်း အကောင်းဆုံး ဇာတ်ပို့ဆုကို ရရှိထားပါတယ်။

The Last Black Man in San Francisco

ငယ်ရွယ်တဲ့ လူမည်းတစ်ဦးက ဆန်ဖရန်စစ္စကိုက အသွင်ပြောင်းရပ်ကွက်အတွင်းက ငယ်ဘဝအိမ်ကို ပြန်လည် ရယူဖို့ စိတ်ကူးနေပါတယ်။ အခု ရုပ်ရှင်မှာ ဂျိုနသန်မေဂျာနဲ့ ဂျင်မီဖေးလ်တို့ပါဝင်ပြီး ၂၀၁၉ Sundance ရုပ်ရှင်ပွဲတော်မှာ ပြသခဲ့ပါတယ်။

Dear White People

လူဖြူအိုင်ဗီလိဂ်ကောလိပ်တစ်ခုဖြစ်တဲ့ ဝင်ချက်စတာတက္ကသိုလ်မှာ လူမည်းကျောင်းသားတွေ တွေ့ကြုံခဲ့ရတဲ့ ဘက်လိုက်မှုနဲ့ မညီမျှမှုတို့ကို သရုပ်ဖော်ထားတဲ့ Netflix စီးရီးဖြစ်ပါတယ်။ ရုပ်ရှင်ကို အခြေခံထားတာ ဖြစ်ပါတယ်။

Do the Right Thing

ဆယ်လတိုဆယ်ဖရာဂျီအိုနီဟာ ဘရွတ်ကလင်းမှာ ပီဇာဆိုင်တစ်ခုပိုင်ဆိုင်တဲ့ အီတလီတစ်ယောက်ပါ။ ဆိုင်ထဲက အီတလီ သရုပ်ဆောင်ပုံတွေ ကပ်ထားတဲ့ နံရံကို ရပ်ကွက်ထဲက လူမည်း လူငယ်တစ်သိုက် ဖျက်ဆီးလိုက်ပါတယ်။ နံရံတစ်ခုက စတဲ့ပြဿနာက ရပ်ကွက်အတွင်း လူမျိုးရေးခွဲခြားမှုနဲ့ အခြားလူတွေအပေါ် မုန်းတီးမှု သင်္ကေတတစ်ခု ဖြစ်လာပါတယ်။

If Beale Street Could Talk

ဒါရိုက်တာ ဘယ်ရီဂျန်ကင်းက Moonlight ဇာတ်ကားနဲ့ အော်စကာအောင်မြင်မှုအပြီး အမျိုးသားဖြစ်သူ ပြစ်မှုတစ်ခုအတွက် မှားယွင်းစွာ စွပ်စွဲခံခဲ့ရချိန်မှာ အာဖရိကန် အမေရိကန် စုံတွဲအကြားက ချစ်ခြင်းနဲ့ပတ်သက်တဲ့ ဂျိမ်းဘော်ဒွင်ဝတ္ထုကို ရုပ်ရှင်အဖြစ် အသွင်ပြောင်းခဲ့တယ်။

Blindspotting

ဒါဗစ်ဒစ်က ခံဝန်နောက်ဆုံးရက်ကို ဖြတ်ကျော်ဖို့ ကြိုးစားနေတဲ့ လူငယ်တစ်ဦးအဖြစ် သရုပ်ဆောင်ထားပါတယ်။ ဒါပေမဲ့ သူ့ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းက ရဲတစ်ဦး လူတစ်ယောက် သေနတ်ပစ်လိုက်တာ မြင်တွေ့ခဲ့ပါတယ်။ အရင်းနှီးဆုံးသူငယ်ချင်းနဲ့ သူ့အကြား ဆက်ဆံရေး အစမ်းသပ်ခံဖို့ ဖြစ်လာပါတယ်။

စိုးထက်
Ref: CNET