လူမ်ိဳးေရးႀကီးစိုးမႈ အားေပးသည့္ content ေတြကုိ YouTube ပိတ္ပင္

[ Zawgyi ]

YouTube ဟာ လူအုပ္စုတစ္ခုရဲ႕ ႀကီးစိုးလႊမ္းမိုးမႈကို အားေပးတဲ့ ဗီဒီယိုေတြကုိ ပယ္ဖ်က္ဖို႔ လူ႔အဖြဲ႕အစည္းဆိုင္ရာ လမ္းညႊန္ခ်က္ေတြကုိ ေျပာင္းလဲလိုက္ပါတယ္။ လူအုပ္စုတစ္ခုက အသက္၊ လိင္၊ မ်ိဳး႐ိုး၊ ဇာတ္အလိုက္၊ ဘာသာေရး၊ လိင္တိမ္းညႊတ္မႈ ဒါမွမဟုတ္ စစ္မႈထမ္းအေတြ႕အႀကဳံအေပၚ အေျခခံၿပီး အျခားလူေတြကုိ ခြဲျခားဖို႔အတြက္ ရွင္းခ်က္ထုတ္ေနတဲ့ ဗီဒီယိုေတြကုိ ပိတ္ပင္သြားမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ နာဇီဝါဒနဲ႔ လူမ်ိဳးခြဲျခားေရး အိုင္ဒီေရာ္လိုဂ်ီေတြကို အားေပးတဲ့ဗီဒီယိုေတြအားလုံးကုိ ဖယ္ရွားမွာ ျဖစ္ပါတယ္။ YouTube ေပၚက channel ေထာင္ေပါင္းမ်ားစြာကုိ ဖယ္ရွားႏိုင္ပါတယ္။

“YouTube ရဲ႕ platform ပြင့္လင္းမႈက အခ်က္အလက္ေတြ တိုးတက္ပြားမ်ားဖို႔ ဖန္တီးမႈနဲ႔ အသုံးျပဳမႈကို အေထာက္အပံ့ေပးမွာ ျဖစ္ပါတယ္။ အမုန္းတရား၊ တိုက္ခိုက္မႈ၊ ခြဲျခားဆက္ဆံမႈနဲ႔ အၾကမ္းဖက္မႈကို ျဖန္႔ေဝဖို႔ ကၽြန္ေတာ္တို႔ platform ကိုအသုံးခ်ေနတာကို ကာကြယ္တားဆီးဖို႔က တာဝန္တစ္ခုျဖစ္ပါတယ္” လို႔ ကုမၸဏီက blog post မွာေျပာခဲ့ပါတယ္။

အေျပာင္းအလဲေတြေၾကာင့္ content ထိန္းခ်ဳပ္မႈဟာ နည္းလမ္း ၃ ခုနဲ႔ တုိးတက္လာမွာ ျဖစ္ပါတယ္။ ပထမဆုံးအေနနဲ႔ လူမ်ိဳးေရးလႊမ္းမိုးႀကီးစုိးမႈကုိ ပိတ္ပင္လိုက္တာေၾကာင့္ လူမ်ိဳးေရးနဲ႔ ဘာသာေရးခြဲျခားတဲ့ နာဇီေတြနဲ႔ အျခားအစြန္းေရာက္ေတြကို ပယ္ဖ်က္သြားမွာ ျဖစ္ပါတယ္။ YouTube ဟာ အိႏၵိယႏိုင္ငံအတြက္ လူမ်ိဳးကုိ ဇာတ္စနစ္အရ ခြဲျခားမႈဗီဒီယိုေတြကိုလည္း ပိတ္ပင္သြားမွာ ျဖစ္ပါတယ္။ ဥပမာအေနနဲ႔ ဆန္ဒီဟုထ္အေျခခံပညာစာသင္ေက်ာင္း ပစ္ခတ္မႈနဲ႔ ၉/၁၁ ျဖစ္ရပ္ေတြ မျဖစ္ေပၚခဲ့ဘူးလို႔ ေျပာတဲ့ ဗီဒီယိုေတြ တင္သူေတြကုိ ပိတ္ပင္မယ္လို႔ YouTube ကေျပာခဲ့ပါတယ္။

ဒုတိယအေနနဲ႔ YouTube ဟာ အႏၲရာယ္ျဖစ္ေစႏိုင္တဲ့ သတင္းအမွားေတြနဲ႔ တခ်ိဳ႕သတင္းေတြ ပ်ံ႕ႏွံ႔မႈကို ေလွ်ာ႔ခ်သြားပါမယ္။ ဒါ့အျပင္ ဗီဒီယိုေတြကေန ေငြေၾကးရရွိေနတဲ့ channel ေတြအေနနဲ႔ အမုန္းစကားေပၚလစီေတြကုိ မၾကာခဏ ထိခိုက္ေနရင္ YouTube က ကန္႔သတ္မႈ ျပဳလုပ္သြားမယ္လို႔ သိရပါတယ္။

စိုးထက္
Ref: TheVerge

[ Unicode ]

YouTube ဟာ လူအုပ်စုတစ်ခုရဲ့ ကြီးစိုးလွှမ်းမိုးမှုကို အားပေးတဲ့ ဗီဒီယိုတွေကို ပယ်ဖျက်ဖို့ လူ့အဖွဲ့အစည်းဆိုင်ရာ လမ်းညွှန်ချက်တွေကို ပြောင်းလဲလိုက်ပါတယ်။ လူအုပ်စုတစ်ခုက အသက်၊ လိင်၊ မျိုးရိုး၊ ဇာတ်အလိုက်၊ ဘာသာရေး၊ လိင်တိမ်းညွှတ်မှု ဒါမှမဟုတ် စစ်မှုထမ်းအတွေ့အကြုံအပေါ် အခြေခံပြီး အခြားလူတွေကို ခွဲခြားဖို့အတွက် ရှင်းချက်ထုတ်နေတဲ့ ဗီဒီယိုတွေကို ပိတ်ပင်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် နာဇီဝါဒနဲ့ လူမျိုးခွဲခြားရေး အိုင်ဒီရော်လိုဂျီတွေကို အားပေးတဲ့ဗီဒီယိုတွေအားလုံးကို ဖယ်ရှားမှာ ဖြစ်ပါတယ်။ YouTube ပေါ်က channel ထောင်ပေါင်းများစွာကို ဖယ်ရှားနိုင်ပါတယ်။

“YouTube ရဲ့ platform ပွင့်လင်းမှုက အချက်အလက်တွေ တိုးတက်ပွားများဖို့ ဖန်တီးမှုနဲ့ အသုံးပြုမှုကို အထောက်အပံ့ပေးမှာ ဖြစ်ပါတယ်။ အမုန်းတရား၊ တိုက်ခိုက်မှု၊ ခွဲခြားဆက်ဆံမှုနဲ့ အကြမ်းဖက်မှုကို ဖြန့်ဝေဖို့ ကျွန်တော်တို့ platform ကိုအသုံးချနေတာကို ကာကွယ်တားဆီးဖို့က တာဝန်တစ်ခုဖြစ်ပါတယ်” လို့ ကုမ္ပဏီက blog post မှာပြောခဲ့ပါတယ်။

အပြောင်းအလဲတွေကြောင့် content ထိန်းချုပ်မှုဟာ နည်းလမ်း ၃ ခုနဲ့ တိုးတက်လာမှာ ဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ လူမျိုးရေးလွှမ်းမိုးကြီးစိုးမှုကို ပိတ်ပင်လိုက်တာကြောင့် လူမျိုးရေးနဲ့ ဘာသာရေးခွဲခြားတဲ့ နာဇီတွေနဲ့ အခြားအစွန်းရောက်တွေကို ပယ်ဖျက်သွားမှာ ဖြစ်ပါတယ်။ YouTube ဟာ အိန္ဒိယနိုင်ငံအတွက် လူမျိုးကို ဇာတ်စနစ်အရ ခွဲခြားမှုဗီဒီယိုတွေကိုလည်း ပိတ်ပင်သွားမှာ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ ဆန်ဒီဟုထ်အခြေခံပညာစာသင်ကျောင်း ပစ်ခတ်မှုနဲ့ ၉/၁၁ ဖြစ်ရပ်တွေ မဖြစ်ပေါ်ခဲ့ဘူးလို့ ပြောတဲ့ ဗီဒီယိုတွေ တင်သူတွေကို ပိတ်ပင်မယ်လို့ YouTube ကပြောခဲ့ပါတယ်။

ဒုတိယအနေနဲ့ YouTube ဟာ အန္တရာယ်ဖြစ်စေနိုင်တဲ့ သတင်းအမှားတွေနဲ့ တချို့သတင်းတွေ ပျံ့နှံ့မှုကို လျှော့ချသွားပါမယ်။ ဒါ့အပြင် ဗီဒီယိုတွေကနေ ငွေကြေးရရှိနေတဲ့ channel တွေအနေနဲ့ အမုန်းစကားပေါ်လစီတွေကို မကြာခဏ ထိခိုက်နေရင် YouTube က ကန့်သတ်မှု ပြုလုပ်သွားမယ်လို့ သိရပါတယ်။

စိုးထက်
Ref: TheVerge