လူထုစိန်ဝင်း ပညာသင်ဆုအတွက် လျှောက်ထားနိုင်

လူထုစိန်ဝင်း ပညာသင်ဆု (၂၀၂၀-၂၀၂၁ ) ခုနှစ် ပညာသင်နှစ်အတွက် စတင် လျှောက်ထားနိုင်ပြီ ဖြစ်ပြီး လျှောက်လွှာတွေကို ၂၀၂၀ ၊ အောက်တိုဘာ ၃၁ ရက်ထက် နောက်မကျစေဘဲ ပညာသင်ဆု ရွေးချယ်ရေးအဖွဲ့ထံ ပြန်လည် ပေးပို့ရမှာ ဖြစ်တယ်လို့ ရွေးချယ်ရေး အဖွဲ့က ထုတ်ပြန်ကြေညာထားပါတယ်။

လူထုစိန်ဝင်း ပညာသင်ဆုကို တိုင်းပြည်ရဲ့ နေရာအနှံ့မှာ ရှိနေတဲ့ ပညာထူးချွန်ပြီး ပညာလိုချင်သော်လည်း ငွေကြေးမတတ်နိုင်၍ ပညာ ဆက်လက် မသင်ကြားနိုင်သော လူငယ်များ ပညာ ဆုံးခန်းတိုင်အောင် သင်ကြားနိုင်ရန်၊ လူငယ်များကို ပြုစု ပျိုးထောင်ပေးခြင်းဖြင့် တိုင်းပြည်အတွက် လိုအပ်လျက်ရှိသော ကဏ္ဍအသီးသီးကို ဖြည့်ဆည်းကာ တိုင်းပြည်၏ အနာဂတ်ကို တစ်ဖက်တစ်လမ်းမှ ထုဆစ်ပေးနိုင်ရန်နဲ့ ကဏ္ဍအသီးသီးမှ တိုင်းပြည်အတွက်၊ လူထုအတွက်၊ အမှန်တရားအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်မည့်သူများ ပေါ်ပေါက်လာစေရန် စတဲ့ ရည်ရွယ်ချက်သုံးရပ်နဲ့ ပညာသင်ဆု ပေးနေတာဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ ပညာသင်ဆုကို ရယူလိုပါက http://u.pc.cd/JIw နဲ့ https://bit.ly/2YUlZxu တို့မှာ လျှောက်လွှာပုံစံကို Download ရယူနိုင်ပြီး ပုံစံတွင်း ပြန်လည်ဖြည့်သွင်းကာ လူထုစိန်ဝင်းပညာသင်ဆု ရွေးချယ်ရေးအဖွဲ့၊ အမှတ် ၅၀၁၊ ကုန်သည်လမ်းနှင့် ၃၉ လမ်းထောင့်၊ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း – ၀၁ – ၃၇၅၁၇၇၊ အီးမေးလ် – luduseinwinscholarship@gmail.com သို့ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၃၁ ရက်ထက် နောက်မကျစေဘဲ ပြန်လည် ပေးပို့ရမယ်လို့ ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

-ကျော်ဇေယျ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««