လူတိုင်း သိထားသင့်တဲ့ စွမ်းဆောင်ရည်မြင့် Gmail လုပ်ဆောင်ချက် (၇) ခု

နေ့စဉ် ကွန်ပျူတာမှာ တစ်ကိုယ်ရေ ဒါမှမဟုတ် အလုပ်အတွက် Gmail အသုံးပြုနေရပါမယ်။ Gmail မှာ message စီးဆင်းမှုတွေကို ကောင်းအောင် လုပ်ပေးမယ့် လုပ်ဆောင်ချက်များစွာ ပါဝင်လာပါတယ်။

(၁) စိတ်ညစ်စရာ အီးမေးလ် ပြောစကားတွေကို ပိတ်ထားခြင်း

တကယ်လို့ group အီးမေးလ် ရောက်တဲ့အခါ အပြန်အလှန် ပြောစကားတွေကြောင့် စိတ်ညစ်စရာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အီးမေးလ်ကိုဖွင့်ပြီး အစက် ၃ စက်ခလုတ်ထဲက Mute နှိပ်ပြီး ပိတ်နိုင်ပါတယ်။

(၂) Snooze လုပ်ခြင်း

Alarm ပေါ်က Snooze လိုပါပဲ။ Inbox ထဲက အီးမေးလ်တစ်ခုကို ပြန်ဖို့ အသင့်မဖြစ်စေသေးပေမယ့် ခြေရာခံနိုပါတယ်။ အီးမေးလ်တစ်ခု ဘေးနားက နာရီခလုတ်လေးကို နှိပ်ပြီး snooze လုပ်နိုင်ပါတယ်။

(၃) Outlook ပုံစံ Reading pane

သုံးစွဲသူဆီမှာ display အကြီးစား အသုံးပြုထားတယ် ဆိုရင်တော့ Gmail ရဲ့ reading pane ကို အသုံးပြုသင့်ပါတယ်။ Quick Settings panel အတွင်းက ညာလက် ဂီယာ icon ကိုနှိပ်ပြီး Reading pane နဲ့ Right of inbox ဒါမှမဟုတ် Below inbox မှာ view ကိုခွဲခြားနိုင်ပါတယ်။

(၄) tab တွေရွေးချယ်ခြင်း

Gmail ဟာ inbox ထဲမှာ message တွေကို စစ်ထုတ်ပေးထားပါတယ်။ တချို့ အီးမေးလ်တွေက Social ဒါမှမဟုတ် Promotion ထဲ ရောက်သွားပါမယ်။ ဂီယာ icon ထဲက See all settings ကိုနှိပ်ပါ။ Settings စာမျက်နှာထဲက Inbox နဲ့ Categories ကဏ္ဍရွေးချယ်ပြီး ထိပ်ဆုံးမှာ ဘယ် tabs ပေါ်ချင်လဲဆိုတာ နေရာချထားနိုင်ပါတယ်။ ရွေးချယ်ပြီးရင်တော့ အောက်ဆုံးက Save Changes ခလုတ်ကို နှိပ်ဖို့ မမေ့ပါနဲ့။

(၅) auto-advance ကိုဖွင့်ခြင်း

အီးမေးလ်ကို ဖွင့်ပြီး စစ်တဲ့အခါ delete လုပ်ရင် inbox ကိုပြန်မပို့ဘဲ အီးမေးလ်တစ်ခုစီ ဆက်တိုက် ဖော်ပြပေးတဲ့ လုပ်ဆောင်ချက် ဖြစ်ပါတယ်။ Settings ထဲက Advanced က Auto-advance ကိုဖွင့်ပေးရပါမယ်။

(၆) Google Drive ကတစ်ဆင့် ဖိုင်ဆိုက်ကြီး attachment ပေးပို့နိုင်

Gmail ကတော့ attachment ပေးပို့တဲ့အခါ 25MB အထိပဲ လက်ခံပါတယ်။ အဲ့ထက်ကျော်တဲ့ ဖိုင်တွေကိုတော့ Drive လင့်ခ်နဲ့ ပြောင်းပေးနိုင်ပါတယ်။

(၇) Advanced search

Google ကတော့ Gmail ကို စွမ်းဆောင်ရည်မြင့် tool တစ်ခု ဖြစ်အောင် လုပ်ပေးထားပါတယ်။ သုံးစွဲသူက အီးမေးလ်အဟောင်းတွေကို မှတ်မိသလောက် စာလုံးနဲ့ ရှာဖွေနိုင်အောင် ပြုလုပ်ပေးထားပါတယ်။ Search ထဲက မြားလေးကို နှိပ်လိုက်ရင် ရက်အလိုက်နဲ့ attachment အရွယ်အစားအလိုက် အီးမေးလ်အဟောင်းတွေ ရှာဖွေနိုင်ပါတယ်။

-စိုးထက်
Ref: CNET

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««