လူစုလူဝေးရှောင်ကြဉ်တဲ့ အမိန့်ကို ဖီဆန်တဲ့ event တွေကို Facebook ဖယ်ရှား

Facebook ဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါအတွင်း လူစုလူဝေးရှောင်ကြဉ်တဲ့ လမ်းညွှန်ချက်တွေကို ဖီဆန်ဖို့ အားပေးတဲ့ event တွေနဲ့ group တွေကို ဖယ်ရှားသွားပါမယ်။ အမေရိကန်တချို့ က အလုပ်ပိတ်ရေးနဲ့ ဗိုင်းရပ်စ်ပျံ့ပွားမှုကို နှေးကွေးစေဖို့ နေအိမ်မှာနေထိုင်စေမယ့် အမိန့်တွေကို ဆန္ဒပြဖို့ စုစည်းနေပါတယ်။

Good Morning America အစီအစဉ် အင်တာဗျူးမှာ Facebook စီအီးအို မာ့ခ်ဇူကာဘတ်က လူစုလူဝေးရှောင်ကြဉ်ဖို့ လမ်းညွှန်ချက်တွေကို လျစ်လျူရှုမှုတွေကို သတင်းအမှားလို့ ယူဆပြီး ဖြုတ်ချသွားမယ်လို့ ပြောထားပါတယ်။

Facebook အနေနဲ့ ကယ်လီဖိုးနီးယား၊ နယူးဂျာစီနဲ့ နီဘရာစကာပြည်နယ်တို့မှာ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ ကွာရန်တင်းဆန့်ကျင် ဆန္ဒပြမှုတွေ အတွက် content တွေကို ဖယ်ရှားထားပါတယ်။ အခြားပြည်နယ်တွေမှာလည်း စီစဉ်ထားတဲ့ ဆန္ဒပြမှုတွေကို ခွင့်ပြုသွားပြီး event တွေက ဒေသတွင်း ဥပဒေကို မချိုးဖောက်သလို စုစည်းသူတွေက လူစုလူဝေးရှောင်ကြဉ်ရေး လမ်းညွှန်ချက်နဲ့ မငြိတဲ့ drive-thru ဆန္ဒပြမှုကို ပြုလုပ်ကြမှာ ဖြစ်ပါတယ်။

ဆန္ဒပြမှုတွေနဲ့ ဆက်စပ်တဲ့ content တွေက လူမှုရေးမီဒီယာပေါ်မှာပဲ ရှိမှာပါလို့ Facebook က ပြောထားပါတယ်။ လူတွေက လူစုလူဝေးရှောင်ကြဉ်ဖို့ တောင်းဆိုတဲ့ post တွေအားပေးဖို့ လိုပါတယ်။ ကျန်းမာရေးလမ်းညွှန်ချက်ကို ဆန့်ကျင်တဲ့ စုဝေးမှု တောင်းဆိုတဲ့ event တွေ ဒါမှမဟုတ် COVID-19 နဲ့ပတ်သက်တဲ့ လွဲမှားဖွယ်ရာ အခြားသတင်းတွေကိုတော့ ဖယ်ရှားမှာပါ။

စိုးထက်
Ref: CNET