လူငယ္ေခါင္းေဆာင္မ်ား ေပၚထြက္လာေစရန္ Toshiba Youth Club Asia ေလွ်ာက္လႊာမ်ားေခၚယူ

[ Zawgyi ]

လူငယ္ေခါင္းေဆာင္မ်ား ေပၚထြက္လာေစရန္ ဂ်ပန္ႏိုင္ငံ၊ တိုက်ိဳၿမိဳ႕သို႔ တစ္ပတ္ၾကာသြားေရာက္မယ့္ Toshiba Youth Club Asia ေလွ်ာက္လႊာမ်ား ေခၚယူေနၿပီလို႔ သိရပါတယ္။

Southeast Asian (Cambodia, Laos, Philippines, Thailand and Vietnam) ႏိုင္ငံမ်ားမွ လူငယ္မ်ားေတြ႕ ဆံုပြဲျဖစ္ပါတယ္။ protection, role of science for social innovation စတဲ့အခ်က္ေတြကိုေဆြးေႏြးသြားၿပီး အနာဂတ္မွာ စြမ္းေဆာင္မူအျပည့္နဲ႔ ၿငိမ္းခ်မ္းစြာျဖင့္ အတူတကြ လက္တြဲေနထိုင္သြားႏိုင္မယ့္ Asia-Pacific Region ျဖစ္ေပၚလာေရးရည္ရြယ္ပါတယ္။ ေလွ်ာက္ထားလိုတဲ့ ေက်ာင္းသား၊ ေက်ာင္းသူေတြအေနနဲ႔ အသက္ ၁၅ ႏွစ္ မွ ၁၈ ႏွစ္အတြင္းရွိတဲ့ အထက္တန္းေက်ာင္းသား (သို႔) တကၠသိုလ္ ပထမႏွစ္တက္ေရာက္ေနတဲ့သူ၊ အဂၤလိပ္လို္ ေကာင္းမြန္စြာေျပာႏိုင္ၿပီး အဂၤလိပ္လိုစာစီစာကံုးေရးသားႏိုင္သူ၊ မတ္လ ၂၃ ရက္မွ ၃၀ ရက္အ တြင္း ဂ်ပန္ႏိုင္ငံသုိ႔ သြားေရာက္ႏိုင္သူ၊ ဂ်ပန္ႏိုင္ငံအေၾကာင္းကို စိတ္ပါ၀င္စားသူျဖစ္ၿပီး မိမိႏိုင္ငံနဲ႔ ပတ္သက္တဲ့ ဗဟုသုတမ်ား ႂကြယ္ဝသူ၊ အျခား Asian ႏိုင္ငံမ်ားမွ ေက်ာင္းသား၊ ေက်ာင္းသူမ်ားနဲ႔ စိတ္ပါဝင္စားစြာ ေဆြးေႏြးေျပာဆိုႏိုင္သူျဖစ္ရၿပီး ဂ်ပန္စကားကို အေျခခံေျပာဆိုႏိုင္ရမွာ ျဖစ္တယ္လို႔ သိရပါတယ္။

ေလွ်ာက္လႊာနဲ႔အတူ Essay Form ကို ထုတ္ယူၿပီး စက္တင္ဘာလ ၁၄ ရက္ ေနာက္ဆံုးထားျပန္လည္ေပးပို႔ ေလွ်ာက္ထားရမွာျဖစ္သလို 3 x 4 cm ဓာတ္ပံုတစ္ပံု၊ မိမိတက္ေရာက္ေနတဲ့ ေက်ာင္းရဲ႕ ေက်ာင္းသားျဖစ္ေၾကာင္း ေက်ာင္းမွေထာက္ခံစာ သို႔မဟုတ္ ေက်ာင္းသားကတ္မိတၱဴ၊ မွတ္ပံုတင္မိတၱဴ သို႔မဟုတ္ Passport မိတၱဴတို႔နဲ႔အတူ ေလွ်ာက္ထားရမွာျဖစ္ပါတယ္။

ေလွ်ာက္လႊာေတြကို စက္တင္ဘာလ ၃ ရက္မွ ၁၀ ရက္အတြင္း သြားေရာက္ထုတ္ယူရမွာ ျဖစ္ပါတယ္။ ေလွ်ာက္လႊာေတြကို Myanmar Association of Japan Alumni (MAJA) မွာ လက္ခံေပးသြားမွာျဖစ္ၿပီး အေသးစိတ္သိရွိလိုပါက ဖုန္း ၀၉- ၄၂၈၆၁၂၁၅၁၊ ၀၉- ၂၆၂၆၀၂၁၂၁ ကုိ ဆက္သြယ္စုံစမ္းႏိုင္ပါတယ္။

-ေဝေဝ

[ Unicode ]

လူငယ်ခေါင်းဆောင်များ ပေါ်ထွက်လာစေရန် ဂျပန်နိုင်ငံ၊ တိုကျိုမြို့သို့ တစ်ပတ်ကြာသွားရောက်မယ့် Toshiba Youth Club Asia လျှောက်လွှာများ ခေါ်ယူနေပြီလို့ သိရပါတယ်။

Southeast Asian (Cambodia, Laos, Philippines, Thailand and Vietnam) နိုင်ငံများမှ လူငယ်များတွေ့ ဆုံပွဲဖြစ်ပါတယ်။ protection, role of science for social innovation စတဲ့အချက်တွေကိုဆွေးနွေးသွားပြီး အနာဂတ်မှာ စွမ်းဆောင်မူအပြည့်နဲ့ ငြိမ်းချမ်းစွာဖြင့် အတူတကွ လက်တွဲနေထိုင်သွားနိုင်မယ့် Asia-Pacific Region ဖြစ်ပေါ်လာရေးရည်ရွယ်ပါတယ်။ လျှောက်ထားလိုတဲ့ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ အသက် ၁၅ နှစ် မှ ၁၈ နှစ်အတွင်းရှိတဲ့ အထက်တန်းကျောင်းသား (သို့) တက္ကသိုလ် ပထမနှစ်တက်ရောက်နေတဲ့သူ၊ အင်္ဂလိပ်လို် ကောင်းမွန်စွာပြောနိုင်ပြီး အင်္ဂလိပ်လိုစာစီစာကုံးရေးသားနိုင်သူ၊ မတ်လ ၂၃ ရက်မှ ၃၀ ရက်အ တွင်း ဂျပန်နိုင်ငံသို့ သွားရောက်နိုင်သူ၊ ဂျပန်နိုင်ငံအကြောင်းကို စိတ်ပါ၀င်စားသူဖြစ်ပြီး မိမိနိုင်ငံနဲ့ ပတ်သက်တဲ့ ဗဟုသုတများ ကြွယ်ဝသူ၊ အခြား Asian နိုင်ငံများမှ ကျောင်းသား၊ ကျောင်းသူများနဲ့ စိတ်ပါဝင်စားစွာ ဆွေးနွေးပြောဆိုနိုင်သူဖြစ်ရပြီး ဂျပန်စကားကို အခြေခံပြောဆိုနိုင်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

လျှောက်လွှာနဲ့အတူ Essay Form ကို ထုတ်ယူပြီး စက်တင်ဘာလ ၁၄ ရက် နောက်ဆုံးထားပြန်လည်ပေးပို့ လျှောက်ထားရမှာဖြစ်သလို 3 x 4 cm ဓာတ်ပုံတစ်ပုံ၊ မိမိတက်ရောက်နေတဲ့ ကျောင်းရဲ့ ကျောင်းသားဖြစ်ကြောင်း ကျောင်းမှထောက်ခံစာ သို့မဟုတ် ကျောင်းသားကတ်မိတ္တူ၊ မှတ်ပုံတင်မိတ္တူ သို့မဟုတ် Passport မိတ္တူတို့နဲ့အတူ လျှောက်ထားရမှာဖြစ်ပါတယ်။

လျှောက်လွှာတွေကို စက်တင်ဘာလ ၃ ရက်မှ ၁၀ ရက်အတွင်း သွားရောက်ထုတ်ယူရမှာ ဖြစ်ပါတယ်။ လျှောက်လွှာတွေကို Myanmar Association of Japan Alumni (MAJA) မှာ လက်ခံပေးသွားမှာဖြစ်ပြီး အသေးစိတ်သိရှိလိုပါက ဖုန်း ၀၉- ၄၂၈၆၁၂၁၅၁၊ ၀၉- ၂၆၂၆၀၂၁၂၁ ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။