လူငယ္နည္းပညာ စြန္႔ဦးတီထြင္လုပ္ငန္း (၃) ခု ေပၚထြက္

ျမန္မာႏိုင္ငံကြန္ပ်ဳတာအသင္းခ်ဳပ္ (MCF) နဲ႔ ျမန္မာ့ဆက္သြယ္ေရးလုပ္ငန္း (MPT) တို႔ ပူးေပါင္း က်င္းပတဲ့ အစီအစဥ္ကေန လူငယ္နည္းပညာစြန္႔ဦးတီထြင္လုပ္ငန္း (၃) ခု ေပၚထြက္ခဲ့ေၾကာင္းသိရ တယ္။

အဲဒီ Myanmar Youth Technopreneurship Development Program 2018 မွာ ျမန္မာႏိုင္ငံအႏွံ႔ အျပားက လူငယ္စြန္႔ဦးတီထြင္အဖြဲ႔ေတြ၀င္ေရာက္ယွဥ္ၿပိဳင္ခဲ့ၿပီး အသံုး (၃) သင္းကိုေရြးခ်ယ္ခဲ့တာျဖစ္ ပါတယ္။ အဲဒီအသင္းေတြကေတာ့ အသံထြက္စာအုပ္ေတြကို App ကေနတစ္ဆင့္အသံုးျပဳမယ့္ DAT Techologies ကုမၸဏီ၊ ကုန္က်စရိတ္သက္သာတဲ့ က်န္းမာေရး၀န္ေဆာင္မႈေပးမယ့္ KLENIC Myanmar ကုမၸဏီနဲ႔ Gamer အခ်င္းခ်င္း ခ်ိတ္ဆက္ေပးမယ့္ DIGI Tech ကုမၸဏီတို႔ျဖစ္ပါတယ္။ အဲဒီ (၃) သင္းအေနနဲ႔ လုပ္ငန္းစတင္ဖို႔အတြက္ ကုမၸဏီမွတ္ပံုတင္ျခင္းနဲ႔ ဆုေၾကးေငြက်ပ္ သိန္း (၅၀) တို႔လႊဲေျပာင္းေပးျခင္းအတြက္ နားလည္မႈစာခြ်န္လႊာေရးထိုးပြဲကို ဒီေန႔ ၈.၈.၂၀၁၈ မွာက်င္းပခဲ့ပါ တယ္။

“အခုပထမႏွစ္ရဲ႕ပြဲအၿပီးမွာ စိတ္ကူးစိတ္သန္းေကာင္းေကာင္းနဲ႔ လုပ္ငန္းသစ္သံုးခုကိုေတာ့ ကုမၸဏီမွတ္ ပံုတင္ေပးၿပီး လုပ္ငန္းေတြစတင္လည္ပတ္ႏိုင္ေအာင္၀ိုင္း၀န္းကူညီေထာက္ပံ့ေနပါတယ္၊ ေနာက္ႏွစ္ ေလာက္ဆိုရင္ သူတို႔ ကုမၸဏီတစ္ခုစီရဲ႕ နည္းပညာထုတ္ကုန္ သို႔မဟုတ္၀န္ေဆာင္မႈေတြဟာ ေစ်း ကြက္ထဲကို ေရာက္ရွိေနရာယူလာမယ္လို႔ ေမွ်ာ္လင့္မိပါတယ္” လို႔ အဲဒီအခမ္းအနားကိုဦးေဆာင္စီစဥ္ တဲ့ Kanaung Hub ရဲ႕ ပြဲက်င္းပေရးေကာ္မတီဥကၠ႒ ဦးေသာင္းစုၿငိမ္းကေျပာပါတယ္။

ေရြးခ်ယ္ခံရတဲ့ ကုမၸဏီ (၃) ခုအေနနဲ႔ Kanaung Hub Incubation စင္တာမွာ ရံုးခန္းေနရာကို ေျခာက္ လအခမဲ့အသံုးျပဳခြင့္ရရွိမွာျဖစ္ပါတယ္။ ရံုးခန္းေနရာ၊ ဆုေၾကးေငြေတြသာမက နည္းပညာ၊ စီးပြားေရး နဲ႔ပတ္သက္တဲ့အခက္အခဲေတြကို ျမန္မာႏိုင္ငံကြန္ပ်ဳတာပညာရွင္အသင္းနဲ႔ ျမန္မာႏိုင္ငံကြန္ပ်ဳတာ လုပ္ငန္းရွင္အသင္းတို႔မွ အလုပ္အမႈေဆာင္ေတြကလည္း အနီးကပ္ႀကီးၾကပ္ၿပီး အႀကံဥာဏ္ေတြေပး အပ္မယ္လို႔သိရပါတယ္။

[Unicode]

မြန်မာနိုင်ငံကွန်ပျုတာအသင်းချုပ် (MCF) နဲ့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) တို့ ပူးပေါင်း ကျင်းပတဲ့ အစီအစဉ်ကနေ လူငယ်နည်းပညာစွန့်ဦးတီထွင်လုပ်ငန်း (၃) ခု ပေါ်ထွက်ခဲ့ကြောင်းသိရ တယ်။

အဲဒီ Myanmar Youth Technopreneurship Development Program 2018 မှာ မြန်မာနိုင်ငံအနှံ့ အပြားက လူငယ်စွန့်ဦးတီထွင်အဖွဲ့တွေဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အသုံး (၃) သင်းကိုရွေးချယ်ခဲ့တာဖြစ် ပါတယ်။ အဲဒီအသင်းတွေကတော့ အသံထွက်စာအုပ်တွေကို App ကနေတစ်ဆင့်အသုံးပြုမယ့် DAT Techologies ကုမ္ပဏီ၊ ကုန်ကျစရိတ်သက်သာတဲ့ ကျန်းမာရေးဝန်ဆောင်မှုပေးမယ့် KLENIC Myanmar ကုမ္ပဏီနဲ့ Gamer အချင်းချင်း ချိတ်ဆက်ပေးမယ့် DIGI Tech ကုမ္ပဏီတို့ဖြစ်ပါတယ်။ အဲဒီ (၃) သင်းအနေနဲ့ လုပ်ငန်းစတင်ဖို့အတွက် ကုမ္ပဏီမှတ်ပုံတင်ခြင်းနဲ့ ဆုကြေးငွေကျပ် သိန်း (၅၀) တို့လွှဲပြောင်းပေးခြင်းအတွက် နားလည်မှုစာချွန်လွှာရေးထိုးပွဲကို ဒီနေ့ ၈.၈.၂၀၁၈ မှာကျင်းပခဲ့ပါ တယ်။

“အခုပထမနှစ်ရဲ့ပွဲအပြီးမှာ စိတ်ကူးစိတ်သန်းကောင်းကောင်းနဲ့ လုပ်ငန်းသစ်သုံးခုကိုတော့ ကုမ္ပဏီမှတ် ပုံတင်ပေးပြီး လုပ်ငန်းတွေစတင်လည်ပတ်နိုင်အောင်ဝိုင်းဝန်းကူညီထောက်ပံ့နေပါတယ်၊ နောက်နှစ် လောက်ဆိုရင် သူတို့ ကုမ္ပဏီတစ်ခုစီရဲ့ နည်းပညာထုတ်ကုန် သို့မဟုတ်ဝန်ဆောင်မှုတွေဟာ စျေး ကွက်ထဲကို ရောက်ရှိနေရာယူလာမယ်လို့ မျှော်လင့်မိပါတယ်” လို့ အဲဒီအခမ်းအနားကိုဦးဆောင်စီစဉ် တဲ့ Kanaung Hub ရဲ့ ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးသောင်းစုငြိမ်းကပြောပါတယ်။

ရွေးချယ်ခံရတဲ့ ကုမ္ပဏီ (၃) ခုအနေနဲ့ Kanaung Hub Incubation စင်တာမှာ ရုံးခန်းနေရာကို ခြောက် လအခမဲ့အသုံးပြုခွင့်ရရှိမှာဖြစ်ပါတယ်။ ရုံးခန်းနေရာ၊ ဆုကြေးငွေတွေသာမက နည်းပညာ၊ စီးပွားရေး နဲ့ပတ်သက်တဲ့အခက်အခဲတွေကို မြန်မာနိုင်ငံကွန်ပျုတာပညာရှင်အသင်းနဲ့ မြန်မာနိုင်ငံကွန်ပျုတာ လုပ်ငန်းရှင်အသင်းတို့မှ အလုပ်အမှုဆောင်တွေကလည်း အနီးကပ်ကြီးကြပ်ပြီး အကြံဉာဏ်တွေပေး အပ်မယ်လို့သိရပါတယ်။