လုံခြုံရေးအသားပေး လုပ်ဆောင်ချက်တွေကို Dropbox ဖြန့်ချိ

Dropbox ဟာ လုံခြုံရေးအတွက် အရေးပါတဲ့ feature သစ်တွေကို မိတ်ဆက်လိုက်ပါတယ်။ အဲဒီ feature တွေထဲမှာ password ကိုထိန်းသိမ်းပေးမယ့် လုပ်ဆောင်ချက်နဲ့ မွေးစားရင်းလိုမျိုး အရေးကြီး စာရွက်စာတမ်းတွေ သိမ်းထားနိုင်တဲ့ “vault” ကိုလည်း ဖြန့်ချိလိုက်ပါတယ်။

Dropbox Password လို့ခေါ်တဲ့ password manager ကတော့ Dropbox account ကိုသုံးစွဲရင် 1Password နဲ့ LastPass လိုမျိုး password ကိုစီမံပေးပါမယ်။ Dropbox ဟာ မနှစ်က Valt ဆိုတဲ့ password manager ကုမ္ပဏီကို ဝယ်ယူလိုက်ပြီးတဲ့နောက် အခုလုပ်ဆောင်ချက် ထွက်လာတာ ဖြစ်တယ်။

Dropbox အတွက် သုံးစွဲမှုအများဆုံး လုပ်ဆောင်ချက်တစ်ခု ဖြစ်တာကြောင့် password manager ကို ထည့်သွင်းလိုက်တယ်လို့ Dropbox ထုတ်ကုန်အကြီးအကဲ တီမိုသီယန်းကပြောခဲ့ပါတယ်။ လူတွေက Dropbox မှာ password တွေကို သိမ်းဆည်းထားကြသလို password manager နဲ့လည်း sync လုပ်ပြီး သုံးကြတယ်လို့ ယန်းကပြောခဲ့တယ်။

Dropbox ဟာ Dropbox Vault ကိုလည်း ဖြန့်ချိလိုက်ပါတယ်။ Dropbox account ထဲမှာ အရေးပါတဲ့ စာရွက်စာတမ်းတွေ သိမ်းဆည်းထားနိုင်ပါတယ်။ Dropbox vault အတွက် ဂဏန်း ၆ လုံးပါတဲ့ PIN ကို အသုံးပြုပြီး ဖိုင်တွေကို လုံခြုံအောင် သိမ်းဆည်းပေးပါတယ်။ အရေးပေါ်ကာလအတွင်း Dropbox Vault ကိုသုံးနိုင်အောင်လည်း ပြုလုပ်နိုင်တယ်လို့ ကုမ္ပဏီက ထုတ်ပြန်လိုက်ပါတယ်။

Mac ဒါမှမဟုတ် ကွန်ပျူတာပေါ်က folder တွေကို Dropbox ဆီ အလိုအလျောက် back up လုပ်နိုင်မယ့် ဝန်ဆောင်မှုသစ်လည်း မိတ်ဆက်ထားပါတယ်။ သုံးစွဲသူကိုယ်တိုင် ဘယ်လို folder ကိုသိမ်းဆည်းမလဲဆိုတာ ရွေးချယ်ပေးနိုင်တယ်လို့ ယန်းက TheVerge ကိုပြောခဲ့ပါတယ်။

စိုးထက်
Ref: TheVerge