လုံခြုံရေးမြှင့်တင်လိုက်တဲ့ Zoom

Zoom ဟာ တစ်ကိုယ်ရေလုံခြုံရေးနဲ့ လုံခြုံရေးဆိုင်ရာအားနည်းချက်တွေကို ပြင်ဆင်ဖို့ ရက် ၉၀ ကြာ update ဖြန့်ချိမှုကို နားခဲ့ပြီးနောက် အဆင့်မြှင့်တင်မှုတချို့ ဖြန့်လိုက်ပါတယ်။ Zoom 5.0 update မှာ ပြီးခဲ့တဲ့အပတ်အတွင်း လူတွေ ဝေဖန်ထောက်ပြခဲ့တဲ့ အရာတချို့ကို ပြင်ဆင်လိုက်ပါတယ်။ Update အသစ်မှာ Zoom ရဲ့ လုံခြုံရေး feature တွေကို icon တစ်ခုထဲမှာ စုစည်းပေးထားပါတယ်။ သုံးစွဲသူက meeting တွေကို lock လုပ်တာ၊ ပါဝင်သူတွေကို ဖယ်ရှားတာနဲ့ screen sharing လုပ်တာကို ကန့်သတ်တာနဲ့ meeting တွေထဲမှာ စကားပြောတာတို့ကို အလျင်အမြန်လုပ်နိုင်ပါတယ်။

ဒါ့အပြင် Zoom ဟာ သုံးစွဲသူတွေ အများစုအတွက် password ကိုထည့်သွင်းပေးလိုက်ပြီး IT admin တွေက Zoom လုပ်ငန်းသုံးစွဲသူတွေ အတွက် ခိုင်မာတဲ့ password ကို ထည့်သွင်းနိုင်ပါတယ်။ Zoom ရဲ့ waiting room ဆိုတဲ့ feature က basic, လိုင်စင်တစ်ခုယူထားတဲ့ Pro နဲ့ education account တွေမှာ default ပါဝင်လာပါတယ်။ အဲဒီ feature က အစည်းအဝေးမစခင်မှာ virtual အခန်းတစ်ခုထဲမှာ အစည်းအဝေးတက်မယ့်လူတွေကို စုစည်းပေးတာ ဖြစ်ပါတယ်။

Zoombombing လို့ခေါ်တဲ့ နောက်ပြောင်သူတွေက Zoom ခေါ်ဆိုမှုတွေ ပြုလုပ်ပြီး ညစ်ညမ်းဗီဒီယိုတွေ ထုတ်လွှင့်တာမျိုး ဖြစ်ပွားပြီးနောက် ကုမ္ပဏီက လုံခြုံရေးပိုင်းဆိုင်ရာ အပြောင်းအလဲ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

စိုးထက်
Ref: TheVerge

Twitter မှာလည်း အင်တာနက်ဂျာနယ်က တင်ဆက်ပေးနေတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ဖတ်လို့ရတယ်နော်…