လုံခြုံရေးပြဿနာဖြေရှင်းဖို့ update တွေကို ရပ်ဆိုင်းထားမယ်လို့ Zoom စီအီးအိုပြော

Zoom စီအီးအို အဲရစ်ယွမ်က ဗီဒီယိုကွန်ဖရင့်လုပ်တဲ့ app မှာ လုံခြုံရေးပြဿနာရှိတဲ့အပေါ် ပြောကြားခဲ့ပြီး ရက် ၉၀ အတွင်း ပြဿနာဖြေရှင်းသွားမယ်လို့ ပြောထားပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် နေအိမ်ကနေအလုပ်လုပ်သူ များပြားလာတာကြောင့် နေ့စဉ်သုံးစွဲသူ ဒီဇင်ဘာလမှာ ၁၀ သန်းရှိရာကနေ မတ်လအတွင်း သန်း၂၀၀ အထိ ရှိလာတယ်။

အဲဒီကာလအတွင်း Zoom ဟာ ကုမ္ပဏီအစည်းအဝေးအတွက် လူတွေအများဆုံး အသုံးပြုကြတဲ့ နာမည်ကျော် နံပါတ်တစ် ‌app ဖြစ်လာပါတယ်။“ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်အတွင်း အလွန်များပြားလာတဲ့ သုံးစွဲသူတွေကို ထောက်ပံ့ရတာက အလွန်အံ့အားသင့်စရာကောင်းတဲ့ တာဝန်ဖြစ်ပြီး ကျွန်တော်တို့ရဲ့ အဓိက အာရုံစိုက်မှုလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အသိုက်အဝန်းရဲ့ privacy နဲ့ လုံခြုံရေးပိုင်းကတော့ လျော့ကျသွားပါတယ်” လို့ ယွမ်က blog post မှာရေးခဲ့ပါတယ်။

Zoome ကိုရက် ၉၀ feature freeze လုပ်မှာ ဖြစ်တဲ့အတွက် feature အသစ်တွေ ထည့်သွင်းမှုကို ရပ်တန့်သွားပါမယ်။ ဒါကြောင့် Zoom က privacy ပြဿနာတွေကို ဖြေရှင်းနိုင်ပါလိမ့်မယ်။ ဒါ့အပြင် သုံးစွဲသူ လုံခြုံရေးကို သင့်တော်စွာ ကိုင်တွယ်ဖို့ ကျွမ်းကျင်သူတွေနဲ့ သေချာသုံးသပ်သွားမှာ ဖြစ်ပြီး ဥပဒေအဖွဲ့အစည်းနဲ့ အစိုးရက သုံးစွဲသူအချက်အလက် တောင်းခံတဲ့အခါ ပွင့်လင်းမြင်သာတဲ့ အစီရင်ခံစာ ထုတ်ပြန်ဖို့လည်း စီစဉ်ထားပါတယ်။

စိုးထက်
Ref: CNET