လုပ်ဆောင်ချက်အသစ်တွေ ပါဝင်လာတဲ့ Apple Watch Series 5

Apple ဟာ စက်တင်ဘာလပွဲမှာ iPhone 11 ကိုမိတ်ဆက်ခဲ့သလို နောက်ဆုံးပေါ် ဝတ်ဆင်နိုင်တဲ့ ထုတ်ကုန် Apple Watch Series 5 ကိုလည်း ထုတ်ဖော်ပြသခဲ့ပါတယ်။ လူအများက iPhone ကိုစိတ်ဝင်စားနေပေမယ့် Watch Series 4 နေရာဆက်ခံမယ့် Watch Series 5 မှာလုပ်ဆောင်ချက်အသစ် အနည်းငယ် ပါဝင်လာပါတယ်။ Apple Watch Series 5 ရဲ့ GPS မော်ဒယ်ကို ၃၉၉ ဒေါ်လာနဲ့ စတင်ရောင်းချမှာ ဖြစ်သလို GPS နဲ့ ဆယ်လူလာမော်ဒယ်ကတော့ ဒေါ်လာ ၄၉၉ ကျသင့်မှာဖြစ်ပါတယ်။ Apple Watch Series 5 ကို စက်တင်ဘာ ၂၀ မှာ စတိုးဆိုင်တွေမှာ ရောင်းချသွားမယ်လို့ သိရပါတယ်။

Apple Watch Series 5 ဟာ သုံးစွဲသူကျန်းမာကြံ့ခိုင်ရေး၊ biometrics နဲ့ကျန်းမာရေးသုတေသနအပေါ် အာရုံစိုက်ထားတဲ့ app တွေပါဝင်လာပါတယ်။ Watch Series 5 မှာ always-on display ပါဝင်ပြီး နာရီရဲ့ဘက်ထရီသက်တမ်းကတော့ ၁၈ နာရီ အသုံးပြုနိုင်တယ်လို့ သိရပါတယ်။

Watch Series 5 ရဲ့နာရီမျက်နှာပြင်အရောင်တွေက ပိုမိုတောက်ပပြီး လက်ကောက်ဝတ်ကို လှည့်လိုက်တာနဲ့ animated mode အဖြစ် ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။ နာရီမျက်နှာပြင်က အရောင်တွေ အနည်းငယ်ပြောင်းလဲပြီး လက်ကောက်ဝတ်ကို ပြန်လှည့်လိုက်ရင် ပြန်လင်းသွားမှာ ဖြစ်ပါတယ်။ အခြား feature တွေထဲမှာ native compass ပါဝင်ပြီး လမ်းညွှန်မှုပေးရာမှာ လျင်မြန်ပါတယ်။ နာရီမျက်နှာပြင် အနည်းငယ်မှာ Compass ကိုပြသပေးပါတယ်။

Watch Series 5 ရဲ့ case အသစ်တွေမှာ ceramic နဲ့ တိုက်တေနီယမ်ကို အသုံးပြုထားပါတယ်။ Watch Series 5 ရဲ့ ceramic မော်ဒယ်က ဈေးအကြီးဆုံးဖြစ်ပြီး ဒေါ်လာ ၁,၂၀၀ အထိ ကျသင့်မှာပါ။ တိုက်တေနီယမ် case ကတော့ စတီးမော်ဒယ်တွေနဲ့ ကွာခြားပြီး ဒီဇိုင်းပိုင်းကလည်း ထူးခြားပါတယ်။

စိုးထက်
Ref: CNET