လုပ်ငန်းသုံး 2-in-1 ထုတ်ကုန် Surface Pro 7 Plus ကို Microsoft မိတ်ဆက်

CES 2021 ပြပွဲမှာ ကွန်ပျူတာ ကုမ္ပဏီတွေက laptop, tablet, desktop နဲ့ 2-in-1 ကွန်ပျူတာတွေများစွာ ပြသခဲ့ပါတယ်။ Microsoft ကလည်း Surface Pro 7 Plus ကိုမိတ်ဆက်ခဲ့ပါတယ်။

အခုထုတ်ကုန်က ၂၀၁၆ ခုနှစ်က ထွက်ခဲ့တဲ့ Surface Pro 7 ရဲ့ လုပ်ငန်းနဲ့ သင်ကြားရေးအတွက် အသုံးပြုနိုင်တဲ့ ဗားရှင်းနဲ့ဆင်ပါတယ်။ Microsoft ကတော့ Surface Pro 7 Pro ဗားရှင်းအပြင် အခုအခါမှာတော့ Microsoft Surface Pro 7 Plus ကိုလည်း ထုတ်လုပ်လိုက်ပါတယ်။ Surface Pro 7 Plus မှာတော့ ၁၁ ခုမြောက်မျိုးဆက် Intel Core ပရိုဆက်ဆာအပြင် RAM 32GB ပါဝင်လာပါတယ်။ Microsoft ရဲ့ Surface Pro 7 နဲ့ Surface Pro 7 Plus ၂ မျိုးစလုံးမှာတော့ 1TB storage ပါဝင်လာပါတယ်။ Surface Pro 7 Plus ပရိုဆက်ဆာကတော့ အရင်မော်ဒယ်ထက် ၂.၁ ဆကျော် မြန်ဆန်ပြီး ဘက်ထရီ ၁၅ နာရီအထိ သုံးလို့ရပါတယ်။

Surface Pro Plus မှာ လုပ်ငန်းပိုင်းနဲ့ သင်ကြားရေးပရိသတ်အတွက် အထူးလုပ်ဆောင်ချက်တွေလည်း ပါဝင်လာပါတယ်။ ဥပမာ Windows Autopilot ကိုသုံးပြီး ကုမ္ပဏီ လုံခြုံရေး settings နဲ့ software အတိုင်း Microsoft ကနေ

ဝန်ထမ်းတွေဆီ Surface Pro Plus ကိုလွှဲလိုက်လို့ ရပါတယ်။ ဒါကြောင့် Surface Pro 7 Plus ထုတ်ကုန် တစ်ခုချင်းစီ unbox လုပ်နေစရာ မလိုပါဘူး။

Surface Pro 7 Plus ကတော့ ၈၉၉ ဒေါ်လာ စတင်ကျသင့်ပါမယ်။ LTE ပါတဲ့ ဗားရှင်းကတော့ ဒေါ်လာ ၁,၁၄၉ ကျသင့်ပါမယ်။

-စိုးထက်
Ref: CNET

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««