လုပ်ငန်းသုံးအတွက် အသုံးဝင်စေမယ့် Google Verified Calls

Google ဟာ Android ဖုန်းတွေအတွက် လုပ်ဆောင်ချက် အသစ်တစ်ခုကို မိတ်ဆက်ခဲ့ပါတယ်။ အဲဒီ feature က လုပ်ငန်းတွေက ဈေးဝယ်သူဆီ ဆက်သွယ်တဲ့အခါမှာ အမှတ်တံဆိပ်နာမည်နဲ့ ဖုန်းခေါ်ဆိုတဲ့ အကြောင်းပြချက်ကိုလည်း ပြသပေးပါမယ်။ အဲဒီ feature အမည်ကတော့ Verified Calls ဖြစ်ပြီး ဖုန်းခေါ်ဆိုသူ အမည်၊ လိုဂိုနဲ့ အကြောင်းပြချက် အတည်ပြုထားတဲ့ သင်္ကေတကို Google ကပြသပေးပါမယ်။

၂၀၁၉ ခုနှစ်အတွင်း အမေရိကန်က စားသုံးသူ ၆၁.၄ ဘီလျံဟာ ဖုန်းခေါ်ဆိုမှု spam တွေနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ RoboKiller ကဖော်ပြခဲ့ပြီးနောက် အခု feature ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ အဲဒီ ကိန်းဂဏန်းဟာ လွန်ခဲ့တဲ့နှစ်ကထက် ၂၈ ရာခိုင်နှုန်း ပိုမို တိုးတက်လာတာ ဖြစ်ပါတယ်။

Google ရဲ့စနစ်သစ်ကတော့ တရားဝင် လုပ်ငန်းတွေက စားသုံးသူနဲ့ အချက်အလက်ဝေမျှနိုင်မယ့် နည်းလမ်းတစ်ရပ်ကို ဖော်ဆောင်ပေးပြီး ရည်ရွယ်ချက်ကိုလည်း ဖော်ပြပေးပါတယ်။ Verified Calls လုပ်ဆောင်ချက်ကတော့ Google နဲ့ပူးပေါင်းထားတဲ့ လုပ်ငန်းတွေမှာ အသုံးပြုထားပါသေးတယ်။

Google က Verified Calls ဝန်ဆောင်မှု အသုံးပြုနိုင်တဲ့ လုပ်ငန်းတွေကို ဝက်ဘ်ဆိုက်တွေမှာ ကြေညာထားပါတယ်။ Google နဲ့ပူးပေါင်းထားတဲ့ လုပ်ငန်းတွေကတော့ Neustar, JustCall, Telecall, Zenvia, Prestus, Aspect, Five9, Vonage, Bandwidth, IMImobile, Kaleyra, Quiubas Mobile ဒါမှမဟုတ် Datora တို့ပဲ ဖြစ်ပါတယ်။

-စိုးထက်
Ref: TechCrunch

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««