လုပ်ငန်းဝန်ဆောင်မှုများကို အချိန်နှင့်တစ်ပြေးညီ ကိုယ်တိုင်ပြင်ဆင်ဖော်ပြနိုင်မည့် Directory ပုံစံဝက်ဘ်ဆိုက်ကို အင်တာနက်ဂျာနယ်မှ စတင်မိတ်ဆက်

လုပ်ငန်းဝန်ဆောင်မှုများကို အချိန်နဲ့တစ်ပြေးညီ ကိုယ်တိုင်ပြင်ဆင်ဖော်ပြနိုင်မယ့် Directory ပုံစံဝက်ဘ်ဆိုက် https://ijmarketplace.com ကို အင်တာနက်ဂျာနယ်မှ ယနေ့ မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။

ယခုအခါမှာ ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းများ၊ မီဒီယာများနှင့် ကျန်းမာရေး၊ ပညာရေး အစရှိတဲ့ လူမှုစီးပွားကဏ္ဍအသီးသီးမှာ အရှိန်အဟုန်နဲ့ ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးသို့ ဦးတည်ရွေ့လျားလျက်ရှိပါတယ်။ အဆိုပါ ဒီဂျစ်တယ်တော်လှန်ရေးမှာ သတင်းအချက်အလက် ဆက်သွယ်ရေးနည်းပညာ (အိုင်စီတီ) တွေကို မလွှဲမသွေ အသုံးပြုရမယ့် ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အဖွဲ့အစည်း အသီးသီးနဲ့ မိဘပြည်သူများအတွက် အိုင်စီတီ၊ မိုဘိုင်း၊ ပညာရေးဆိုင်ရာ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေကို တစ်စုတစ်စည်းတည်း အလွယ်တကူ ရှာဖွေရယူနိုင်ရန် လိုအပ်လာရာ ထိုလိုအပ်ချက်ကို ဖြည့်တင်းရန် အင်တာနက်ဂျာနယ်မှ အိုင်စီတီ၊ မိုဘိုင်းနှင့် ပညာရေးလုပ်ငန်း၊ ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှုများ ပါဝင်တဲ့ လမ်းညွှန်တစ်ရပ်ကို မိတ်ဖက် အသင်းအဖွဲ့များ၊ အိုင်စီတီလုပ်ငန်းများနဲ့ ပူးပေါင်းပြီး IJ Marketplace ပလက်ဖောင်းသစ်(https://ijmarketplace.com)ကို မိတ်ဆက်ခဲ့ခြင်းဖြစ်ပါတယ်။ လုပ်ငန်းတွေအနေနဲ့ ဝန်ဆောင်မှုပေးလျက်ရှိတဲ့ အကြောင်းအရာတွေ၊ ပစ္စည်းတွေကို တစ်နေရာတည်းမှ အလွယ်တကူ သိရှိနိုင်စေရန်နဲ့ မှန်ကန်တိကျတဲ့ အချက်အလက်တွေကို အချိန်နဲ့ တစ်ပြေးညီ အသုံးပြုသူထံ ထိထိရောက်ရောက်နဲ့ အချိန်တိုအတွင်း ပေးပို့နိုင်မှာလည်း ဖြစ်ပါတယ်။

“IJ Marketplace ဝန်ဆောင်မှုဆိုတာကတော့ အင်တာနက်ဂျာနယ်ကနေ အသစ်တင်ဆက်လိုက်တဲ့ directory ပုံစံဝန်ဆောင်မှု တစ်ခု ဖြစ်ပါတယ်။ IJ Marketplace မှာ ဆော့ဖ်ဝဲကုမ္ပဏီတွေ၊ ဝက်ဘ်ဆိုက်ရေးသားမှုကို ဝန်ဆောင်မှုပေးလျက်ရှိတဲ့ ကုမ္ပဏီတွေ၊ သင်တန်းကျောင်းတွေ၊ ကွန်ပျူတာနဲ့ မိုဘိုင်းဖုန်းအရောင်းဆိုင်တွေ၊ ပြည်တွင်းမှာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိတဲ့ တက္ကသိုလ်တွေ၊ မိုဘိုင်းဖုန်းနဲ့ ကွန်ပျူတာဆားဗစ်စင်တာတွေအပြင် အခြားအခြားသော သက်ဆိုင်ရာကဏ္ဍတွေနဲ့ ပတ်သက်တဲ့ လိပ်စာ၊ ဝန်ဆောင်မှု၊ တင်သွင်းရောင်းချနေတဲ့ပစ္စည်းတွေ၊ ဖွင့်လှစ်သင်ကြားနေတဲ့ သင်တန်းအကြောင်းအရာတွေအပြင် အခြားသော အချက်အလက်တွေကို ဝင်ရောက်အသုံးပြုသူတွေ အလွယ်ကူဆုံးဖြစ်အောင် လုပ်ဆောင်ထားတဲ့ ဝန်ဆောင်မှုတစ်ခု ဖြစ်ပါတယ်” လို့ Information Matrix Co., Ltd ၏ CEO ဦးသောင်းစုငြိမ်းက ပြောကြားခဲ့ပါတယ်။

IJ Marketplace မှာ Free service, Premium service နဲ့ Branded service ဆိုပြီး ကဏ္ဍ (၃) မျိုးခွဲခြားထားကာ Free service မှာ မည်သည့် ဝန်ဆောင်ခမှပေးရန် မလိုအပ်တဲ့ ဝန်ဆောင်မှုဖြစ်ပြီး Premium service နဲ့ Branded service ရယူမှသာလျှင် လစဉ်ကြေးပေးသွင်းရမှာ ဖြစ်ပါတယ်။

“IJ Marketplace မှာပါဝင်တဲ့ လုပ်ငန်းတွေအနေနဲ့ မိမိတို့လုပ်ငန်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာ၊ အချက်အလက်တွေကို ကိုယ်ပိုင်ဝက်ဘ်ဆိုက်ပုံစံ တစ်ခုကဲ့သို့ ဖော်ပြခွင့်ရရှိမှာ ဖြစ်သလို IJ Marketplace ဘက်မှ ထပ်ဆောင်းရယူလိုက်တဲ့ ဝန်ဆောင်မှုများမှ တစ်ဆင့် သက်ဆိုင်ရာနယ်ပယ်အသီးသီးမှာ လုပ်ကိုင်လျက်ရှိတဲ့ CEO,CIO,HR Manager, Sales and Marketing Manager နဲ့ Decision Maker တွေထံကိုလည်း မိမိလုပ်ငန်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို အချိန်နဲ့ တစ်ပြေးညီ ပေးပို့နိုင်မှာလည်း ဖြစ်ပါတယ်။ လုပ်ငန်းတွေအနေနဲ့လည်း ထည့်သွင်းမယ့် အချက်အလက်တွေကို ပေးပို့ပေးရန် မလိုအပ်ဘဲ ကိုယ်တိုင်ဝင်ရောက်ပြီး အချက်အလက် ဖြင့်သွင်းခြင်းတွေကို လုပ်ဆောင်နိုင်မှာဖြစ်တဲ့အတွက် မိမိတို့ ပြင်ဆင်လိုတဲ့အချိန်မှာ စောင့်ဆိုင်းစရာ မလိုဘဲ လွယ်ကူလျင်မြန်စွာနဲ့ ပြင်ဆင်နိုင်မှာဖြစ်ပါတယ်”လို့ ဦးသောင်းစုငြိမ်းက ထပ်မံ ပြောကြားခဲ့ပါတယ်။

အင်တာနက်ဂျာနယ်မှ အသစ်တင်ဆက်လိုက်တဲ့ ဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး သိရှိလိုတဲ့ အချက်အလက်တွေကို Facebook စာမျက်နှာ https://www.facebook.com/IJMarketplace နှင့် ဖုန်း – ၀၉ ၄၄၃၀ ၃၂၉၂၈ နဲ့ ၀၉ ၄၂၀၁၀၅၃၀၀ သို့ ဆက်သွယ်စုံစမ်းနိုင်မှာဖြစ်ပါတယ်။