လုပ်ငန်းလည်ပတ်ဖို့ ရုန်းကန်နေရတဲ့ ဂျပန်ကျည်ဆန်ရထား

ဂျပန်နိုင်ငံက ကမ္ဘာကျော်ကျည်ဆန်ရထားတွေဟာ စီးနင်းသူမရှိ ဖြစ်နေတာကြောင့် လုပ်ငန်းလည်ပတ်ဖို့ အကျပ်တွေ့နေကြပါတယ်။

ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါက လေကြောင်းလိုင်းတွေသာမက ပြည်တွင်းဆက်သွယ်ပို့ဆောင်ရေးကိုလည်း ထိခိုက်စေပါတယ်။ ကပ်ရောဂါ မရှိရင်တော့ ဂျပန်နိုင်ငံက လူအများစုက မြို့အပြင်ထွက်လာပြီး ရှုခင်းတွေကြည့်တတ်သလို အားလပ်ရက်လည်း ယူလေ့ရှိပါတယ်။

ဂျပန်အရှေ့ပိုင်း ရထားလမ်းကုမ္ပဏီနဲ့ ဂျပန်အနောက်ပိုင်း ရထားလမ်းကုမ္ပဏီတို့ဟာ ရထားလက်မှတ်ရောင်းချမှုမှာ အကြီးဆုံးကုမ္ပဏီ ၂ ခု ဖြစ်ပါတယ်။ အဲဒီ ကုမ္ပဏီတွေက ၁၉၈၇ ခုနှစ်မှာ ဂျပန်ရဲ့ ရထားလမ်းကွန်ရက်ကို ပုဂ္ဂလိကပိုင် အဖြစ် လုပ်ကိုင်ခဲ့တဲ့နောက်ပိုင်း အကြီးမားဆုံး ဆုံးရှုံးမှုကို ခန့်မှန်းထားပါတယ်။

မတ်လ ၃၁ ရက်မှာ ကုန်ဆုံးမယ့် လက်ရှိနှစ်အတွက် ယန်း ၄၁၈ ဘီလျံ (ဒေါ်လာ ၄ ဘီလျံ) ဆုံးရှုံးနိုင်တယ်လို့ ဂျပန်အရှေ့ပိုင်းရထားလမ်းကုမ္ပဏီက ခန့်မှန်းထားပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ အမြတ်ငွေ ယန်း ဘီလျံ ၁၉၈.၄ ရရှိခဲ့ပါတယ်။ အနောက်ပိုင်း ရထားလမ်းကုမ္ပဏီကတော့ ယန်း ဘီလျံ ၂၄၀ ဆုံးရှုံးနိုင်ပါတယ်။

-စိုးထက်
Ref: Bloomberg

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««