လုပ်ငန်းခွန်အကြိုမူလတန်းဆရာအတတ်ပညာသင်တန်း (PPTT) အတွက်သင်တန်းသားများ ခေါ်ယူ

၂၀၂၀ ပညာသင်နှစ်အတွက် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း PPTT အမှတ်စဉ် ၇/၂၀ ကို ပညာရေးကောလိပ်မှာ ဧပြီ ၁ ရက်တွင် ဖွင့်လှစ်မှာဖြစ်တဲ့အတွက် သင်တန်းသားလျှောက်လွှာတွေ ခေါ်ယူနေပြီဖြစ်ပါတယ်။

သင်တန်းဝင်ခွင့်လျှောက်ထားသူတွေဟာ တက္ကသိုလ်တစ်ခုခုမှ ဘွဲ့တစ်ခုခုရရှိပြီးသူ၊ ပြင်ပဘွဲ့ရများအတွက် မတ် ၃၁ ရက်မှာ အသက် ၃၀ နှစ်ထက်မကြီးသူ၊ ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဌာနဝန်ထမ်းအဖွဲ့အစည်း အကြီးအကဲရဲ့ ခွင့်ပြုချက် စတာတွေကို တင်ပြရမှာ ဖြစ်ပါတယ်။ လျှောက်ထားသူတွေအနေနဲ့ အင်္ဂလိပ်စာ၊ ပညာရေးဆိုင်ရာ ဗဟုသုတရေးဖြေစာမေးပွဲကို ပညာရေးကောလိပ်များမှ သတ်မှတ်ထားတဲ့ စာဖြေဌာနတွေမှာ ဖြေဆိုရမှာဖြစ်ပါတယ်။ သင်တန်းတက်ရောက်နေစဉ်ကာလအတွင်း အခြားသင်တန်းတစ်ခုခု တက်ရောက်နေသူ မဖြစ်ရဘူးလို့ သိရပါတယ်။

လျှောက်လွှာကို ဖေဖော်ဝါရိ ၁၁ ရက်ထက်နောက်မကျဘဲ မိမိနေထိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ပညာရေးကောလိပ်တွေမှာ လျှောက်ထားရမှာ ဖြစ်ပါတယ်။ နေပြည်တော်ကောင်စီနယ်မြေအတွက် တောင်ငူပညာရေးကောလိပ်မှာ လျှောက်ထားနိုင်ပြီး ပညာရေးဝန်ကြီးဌာန သို့မဟုတ် ဦးစီးဌာနသို့ တိုက်ရိုက် လျှောက်ထားခြင်းမပြုရဘူးလို့ သိရပါတယ်။

လျှောက်လွှာနဲ့အတူ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ကြောင်း ထောက်ခံစာ၊ ဘွဲ့လက်မှတ်မိတ္တူ၊ နိုင်ငံသားစိစစ် ရေးကတ်ပြား မိတ္ကူနဲ့ ၆ လအတွင်းရိုက်ကူးထားတဲ့ ပတ်စ်ပို့အရွယ် ဓာတ်ပုံ ၂ ပုံ ပူးတွဲတင်ပြရမှာဖြစ်ပါတယ်။ ပညာရေးကောလိပ်အသီးသီးမှာ တက်ရောက်ခွင့်ရရှိသူများစာရင်းကို သက်ဆိုင်ရာ ပညာရေးကောလိပ်တွေမှာ မတ်လအတွင်း ထုတ်ပြန်ပေးသွားမှာဖြစ်တယ်လို့ သိရပါ တယ်။

-ဝေဝေ