လုပ္ငန္းသုံး 2-in-1 Chromebook Enterprise ကို Dell မိတ္ဆက္

[ Zawgyi ]

Google ရဲ႕ Chrome OS အသုံးျပဳထားတဲ့ Chromebook ေတြဟာ ကမၻာလုံးဆိုင္ရာ ကြန္ပ်ဴတာေဈးကြက္မွာ ႀကီးထြားလာပါတယ္။ Chromeboook ေတြကုိ လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္အတြင္း ပညာေရးေဈးကြက္မွာ စတင္အသုံးျပဳခဲ့ၿပီး အခုအခါမွာ လုပ္ငန္းသုံးေဈးကြက္ထဲ ဝင္လာပါၿပီ။ Dell ကေတာ့ Chrome OS ကုိ လုပ္ငန္းသုံးေဈးကြက္ထဲ အခိုင္အမာရပ္တည္ႏိုင္ဖို႔ ကမၻာ႔ပထမဆုံး Chromebook Enterprise 2-in-1 ထုတ္ကုန္ကုိ မိတ္ဆက္လိုက္ပါတယ္။

Dell ကမိတ္ဆက္လိုက္တဲ့ ထုတ္ကုန္ႏွစ္မ်ိဳးက IT အမႈေဆာင္ေတြရင္ဆုိင္ေနရတဲ့ ကိစၥေတြကုိ စိတ္ေက်နပ္မႈရ ေစမယ္လုိ႔ Dell သုံးစြဲသူ software နဲ႔ အခ်က္အလက္လုံၿခဳံေရး အေထြေထြမန္ေနဂ်ာ ဒုဥကၠ႒ျဖစ္သူ ဘရတ္ဟန္ဆန္က ေျပာခဲ့ပါတယ္။ “အဖြဲ႕အစည္း၊ ဌာနနဲ႔ တစ္ဦးခ်င္းအတြက္ ပုိမို အလုပ္ျဖစ္ႏိုင္မယ့္ ပတ္ဝန္းက်င္အေျခအေနကုိ သုံးစြဲသူေတြက ေရြးခ်ယ္လိုပါတယ္” လို႔ေျပာခဲ့ပါတယ္။

Google အေနနဲ႔ ကုမၸဏီရဲ႕ cloud နဲ႔ ေခတ္သစ္ operating system အသုံးျပဳခ်င္တဲ့ လုပ္ငန္းေပါင္းမ်ားစြာနဲ႔ စကားေျပာေနတယ္လို႔ Google ရဲ႕ Chrome OS စီးပြားေရးအတြက္ လုပ္ငန္းအဖြဲ႕ထုတ္ကုန္မန္ေနဂ်ာ အိဗ္ဖိလစ္က ေျပာခဲ့ပါတယ္။ “အရာဝတၳဳေတြ ေပ်ာက္ဆုံးသြားတဲ့အခါ လုံၿခဳံမႈမရွိေတာ့ပါဘူး။ တကယ့္ laptop အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေပ်ာက္ဆုံးပါတယ္။ အဲဒီအခါမွာ လုံၿခဳံမႈရွိေအာင္ ျပဳလုပ္ထားဖို႔လိုပါတယ္” လုိ႔ cloud အေျခခံ OS အားသာခ်က္ကုိ ေျပာခဲ့ပါတယ္။

Dell ရဲ႕ Latitude 5400 နဲ႔ 5300 Chromebook ကုိ ႏိုင္ငံေပါင္း ၅၀ မွာ ေရာင္းခ်မွာ ျဖစ္ၿပီး ဘာသာစကားမတူညီတဲ့ keyboard ၁၀ ခု ပါဝင္တယ္လို႔ ဟန္ဆန္ကေျပာခဲ့ပါတယ္။ Dell ထုတ္ကုန္ႏွစ္မ်ိဳးကုိ အၾကမ္းခံႏိုင္ေအာင္ တည္ေဆာက္ထားၿပီး ကာဗြန္ဖိုက္ဘာနဲ႔ျပဳလုပ္ထားသလို IT ဌာနေတြက အလြယ္တကူ ျပဳျပင္ႏိုင္ပါတယ္။ ဒါ့အျပင္ Dell Latitude 5400 နဲ႔ 5300 Chromebook မွာ Celeron အ႒မေျမာက္မ်ိဳးဆက္ Intel Core ပ႐ိုဆက္ဆာ၊ DDR4 memory 32GB နဲ႔ လုပ္ငန္းသုံးအဆင့္ PCIe NVME SSD 1TB အထိ ပါဝင္လာပါတယ္။ မ်က္ႏွာျပင္ ၁၄ လက္မအရြယ္ Latitude 5400 ရဲ႕ဘက္ထရီကေတာ့ နာရီ ၂၀ အသုံးျပဳႏိုင္ၿပီး ၁၃ လက္မ Latitude 5300 2-in-1 ကေတာ့ ၁၄ နာရီအထိ အသုံးျပဳႏိုင္ပါတယ္။

Latitude 5400 ေဈးႏႈန္းကေတာ့ ေဒၚလာ ၆၉၉ ျဖစ္ၿပီး Latitude 5300 ကိုေတာ့ ၈၁၉ ေဒၚလာနဲ႔ အသီးသီး စတင္ေရာင္းခ်ပါတယ္။ ၾသဂုတ္လ ၂၇ ရက္မွာ စတင္ေရာင္းခ်သြားမွာပါ။

စိုးထက္
Ref: CNET

[ Unicode ]

Google ရဲ့ Chrome OS အသုံးပြုထားတဲ့ Chromebook တွေဟာ ကမ္ဘာလုံးဆိုင်ရာ ကွန်ပျူတာဈေးကွက်မှာ ကြီးထွားလာပါတယ်။ Chromeboook တွေကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ပညာရေးဈေးကွက်မှာ စတင်အသုံးပြုခဲ့ပြီး အခုအခါမှာ လုပ်ငန်းသုံးဈေးကွက်ထဲ ဝင်လာပါပြီ။ Dell ကတော့ Chrome OS ကို လုပ်ငန်းသုံးဈေးကွက်ထဲ အခိုင်အမာရပ်တည်နိုင်ဖို့ ကမ္ဘာ့ပထမဆုံး Chromebook Enterprise 2-in-1 ထုတ်ကုန်ကို မိတ်ဆက်လိုက်ပါတယ်။

Dell ကမိတ်ဆက်လိုက်တဲ့ ထုတ်ကုန်နှစ်မျိုးက IT အမှုဆောင်တွေရင်ဆိုင်နေရတဲ့ ကိစ္စတွေကို စိတ်ကျေနပ်မှုရ စေမယ်လို့ Dell သုံးစွဲသူ software နဲ့ အချက်အလက်လုံခြုံရေး အထွေထွေမန်နေဂျာ ဒုဥက္ကဋ္ဌဖြစ်သူ ဘရတ်ဟန်ဆန်က ပြောခဲ့ပါတယ်။ “အဖွဲ့အစည်း၊ ဌာနနဲ့ တစ်ဦးချင်းအတွက် ပိုမို အလုပ်ဖြစ်နိုင်မယ့် ပတ်ဝန်းကျင်အခြေအနေကို သုံးစွဲသူတွေက ရွေးချယ်လိုပါတယ်” လို့ပြောခဲ့ပါတယ်။

Google အနေနဲ့ ကုမ္ပဏီရဲ့ cloud နဲ့ ခေတ်သစ် operating system အသုံးပြုချင်တဲ့ လုပ်ငန်းပေါင်းများစွာနဲ့ စကားပြောနေတယ်လို့ Google ရဲ့ Chrome OS စီးပွားရေးအတွက် လုပ်ငန်းအဖွဲ့ထုတ်ကုန်မန်နေဂျာ အိဗ်ဖိလစ်က ပြောခဲ့ပါတယ်။ “အရာဝတ္ထုတွေ ပျောက်ဆုံးသွားတဲ့အခါ လုံခြုံမှုမရှိတော့ပါဘူး။ တကယ့် laptop အကြောင်းအမျိုးမျိုးကြောင့် ပျောက်ဆုံးပါတယ်။ အဲဒီအခါမှာ လုံခြုံမှုရှိအောင် ပြုလုပ်ထားဖို့လိုပါတယ်” လို့ cloud အခြေခံ OS အားသာချက်ကို ပြောခဲ့ပါတယ်။

Dell ရဲ့ Latitude 5400 နဲ့ 5300 Chromebook ကို နိုင်ငံပေါင်း ၅၀ မှာ ရောင်းချမှာ ဖြစ်ပြီး ဘာသာစကားမတူညီတဲ့ keyboard ၁၀ ခု ပါဝင်တယ်လို့ ဟန်ဆန်ကပြောခဲ့ပါတယ်။ Dell ထုတ်ကုန်နှစ်မျိုးကို အကြမ်းခံနိုင်အောင် တည်ဆောက်ထားပြီး ကာဗွန်ဖိုက်ဘာနဲ့ပြုလုပ်ထားသလို IT ဌာနတွေက အလွယ်တကူ ပြုပြင်နိုင်ပါတယ်။ ဒါ့အပြင် Dell Latitude 5400 နဲ့ 5300 Chromebook မှာ Celeron အဋ္ဌမမြောက်မျိုးဆက် Intel Core ပရိုဆက်ဆာ၊ DDR4 memory 32GB နဲ့ လုပ်ငန်းသုံးအဆင့် PCIe NVME SSD 1TB အထိ ပါဝင်လာပါတယ်။ မျက်နှာပြင် ၁၄ လက်မအရွယ် Latitude 5400 ရဲ့ဘက်ထရီကတော့ နာရီ ၂၀ အသုံးပြုနိုင်ပြီး ၁၃ လက်မ Latitude 5300 2-in-1 ကတော့ ၁၄ နာရီအထိ အသုံးပြုနိုင်ပါတယ်။

Latitude 5400 ဈေးနှုန်းကတော့ ဒေါ်လာ ၆၉၉ ဖြစ်ပြီး Latitude 5300 ကိုတော့ ၈၁၉ ဒေါ်လာနဲ့ အသီးသီး စတင်ရောင်းချပါတယ်။ သြဂုတ်လ ၂၇ ရက်မှာ စတင်ရောင်းချသွားမှာပါ။

Ref: CNET