လုပ္ငန္းမ်ား၏ invoice မ်ားကို အြန္လိုင္းမွေရာင္းခ်ႏိုင္ရန္စီစဥ္

[Zawgyi]

အေသးစားနဲ႔အလတ္စားလုပ္ငန္းေတြမွာ အေရးေပၚေငြလိုအပ္ရင္ လုပ္ငန္းရွိ invoice ေတြကို အြန္လိုင္း ေပၚကေရာင္းခ်ႏိုင္ေအာင္ေဆာင္ရြက္လိုက္ပါတယ္။

KyoPay ကုမၸဏီကေဆာင္ရြက္မွာျဖစ္ေၾကာင္းသိရပါတယ္။ လက္ရွိစီးပြားေရးတက္သစ္စႏိုင္ငံေတြမွာ က်င့္သံုးေနတဲ့ Business Model ကိုအသံုးျပဳထားတာျဖစ္ၿပီး ျမန္မာႏိုင္ငံရွိ SME လုပ္ငန္းေတြမွရရန္ရွိ Invoice ေတြကို ေငြလိုင္းေပၚကေနတစ္ဆင့္ ေငြေၾကးခိုင္မာမႈရွိတ့ဲ Client ေတြဆီကို ေလလံတင္ ေရာင္းခ်ႏိုင္မယ္လို႔သိရပါတယ္။ ေရာင္းခ်လိုတဲ့လုပ္ငန္းေတြအေနနဲ႔ မိမိတို႔ေရာင္းခ်မယ့္ invoice ေစ်း ႏႈန္းကိုသတ္မွတ္ထားကာ အြန္လိုင္းေပၚကိုတင္ထားရမွာျဖစ္ေၾကာင္း၊ ၀ယ္ယူတဲ့ ေငြေၾကးစိုက္ေပးမယ့္ သူအေနနဲ႔ အြန္လိုင္းေပၚတင္ထားတဲ့ Invoice ေတြကိုမိမိေပးႏိုင္တ့ဲေစ်းႏႈန္းနဲ႔ေလလံဆြဲ၀ယ္ ယူႏိုင္မွာျဖစ္ေၾကာင္းသိရပါတယ္။

Invoice ေရာင္းခ်မယ့္သူ ၀ယ္ယူမယ့္သူေတြအေနနဲ႔ ဒီေနရာ မွာ စာရင္းသြင္းရမွာျဖစ္ပါတယ္။ လက္ရွိေဆာင္ရြက္ေနဆဲကာလျဖစ္ၿပီး စက္တင္ဘာလခန္႔မွာအသံုး ျပဳႏိုင္မွာျဖစ္ေၾကာင္း၊ ျမန္မာႏိုင္ငံမွာတရား၀င္မွတ္ပံုတင္ထားတဲ့ကုမၸဏီေတြ စီးပြားေရးလုပ္ေဆာင္ေန သူေတြ၊ Service Now pay later model က်င့္သံုးတဲ့ကုမၸဏီေတြအေနနဲ႔ Kyopay ကိုအသံုးျပဳႏိုင္မွာ ျဖစ္ေၾကာင္းသိရပါတယ္။

-ထြန္းထြန္း

[Unicode]

အသေးစားနဲ့အလတ်စားလုပ်ငန်းတွေမှာ အရေးပေါ်ငွေလိုအပ်ရင် လုပ်ငန်းရှိ invoice တွေကို အွန်လိုင်း ပေါ်ကရောင်းချနိုင်အောင်ဆောင်ရွက်လိုက်ပါတယ်။

KyoPay ကုမ္ပဏီကဆောင်ရွက်မှာဖြစ်ကြောင်းသိရပါတယ်။ လက်ရှိစီးပွားရေးတက်သစ်စနိုင်ငံတွေမှာ ကျင့်သုံးနေတဲ့ Business Model ကိုအသုံးပြုထားတာဖြစ်ပြီး မြန်မာနိုင်ငံရှိ SME လုပ်ငန်းတွေမှရရန်ရှိ Invoice တွေကို ငွေလိုင်းပေါ်ကနေတစ်ဆင့် ငွေကြေးခိုင်မာမှုရှိတဲ့ Client တွေဆီကို လေလံတင် ရောင်းချနိုင်မယ်လို့သိရပါတယ်။ ရောင်းချလိုတဲ့လုပ်ငန်းတွေအနေနဲ့ မိမိတို့ရောင်းချမယ့် invoice စျေး နှုန်းကိုသတ်မှတ်ထားကာ အွန်လိုင်းပေါ်ကိုတင်ထားရမှာဖြစ်ကြောင်း၊ ၀ယ်ယူတဲ့ ငွေကြေးစိုက်ပေးမယ့် သူအနေနဲ့ အွန်လိုင်းပေါ်တင်ထားတဲ့ Invoice တွေကိုမိမိပေးနိုင်တဲ့စျေးနှုန်းနဲ့လေလံဆွဲဝယ် ယူနိုင်မှာဖြစ်ကြောင်းသိရပါတယ်။

Invoice ရောင်းချမယ့်သူ ၀ယ်ယူမယ့်သူတွေအနေနဲ့ ဒီနေရာ မှာ စာရင်းသွင်းရမှာဖြစ်ပါတယ်။ လက်ရှိဆောင်ရွက်နေဆဲကာလဖြစ်ပြီး စက်တင်ဘာလခန့်မှာအသုံး ပြုနိုင်မှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှာတရားဝင်မှတ်ပုံတင်ထားတဲ့ကုမ္ပဏီတွေ စီးပွားရေးလုပ်ဆောင်နေ သူတွေ၊ Service Now pay later model ကျင့်သုံးတဲ့ကုမ္ပဏီတွေအနေနဲ့ Kyopay ကိုအသုံးပြုနိုင်မှာ ဖြစ်ကြောင်းသိရပါတယ်။

-ထွန်းထွန်း