လုပ်ငန်းများတွင် Cyber Security ဆောင်ရွက်မှု နည်းပါးကြောင်းသိရ

[ Zawgyi ]


ပြည်တွင်းမှာ ဆိုက်ဘာလုံခြုံရေး (Cyber Security) နဲ့ပတ်သက်လာရင် ငွေအသုံးပြုမှုနည်းပါးကြောင်း၊ လုပ်ငန်းရှင်တွေက ဘတ်ဂျက်ချထားပေးခြင်းမျိုး မရှိကြောင်း ဇူလိုင် ၂၂ ရက်ကပြုလုပ်တဲ့ Cyber Security ဆွေးနွေးပွဲကနေသိရပါတယ်။ “Security လို့ ပြောလိုက်ရင် ဘယ်ဘဏ်မှ ဘယ်ကုမ္ပဏီမှ ဘယ်သူဌေးမှ လက်မခံဘူး၊ ဒါတွေသုံးမယ့်အစား အခြားကိုသုံးမယ်ဆိုတာ မျိုးရှိတယ်၊ ကျွန်တော်တို့က အခြား issue တစ်ခုနဲ့ ချည်းကပ်ရတာပေါ့နော်၊ ဒါကတော့ data center ဆောက်ဖို့၊ လုံခြုံရေးပစ္စည်းဝယ်ဖို့ စသည်ဖြင့် ပြန်လုပ်ရတယ်” လို့ AYA Bank ရဲ့ CTO ဦးမင်းဝင့်ဦးက သုံးသပ်ပြောကြားပါတယ်။ လက်ရှိအချိန်မှာ ဆိုက်ဘာလုံခြုံရေး ဆောင်ရွက်ဖို့ကို အများပြည်သူဆီ အသိပညာပေးတဲ့ အဆင့်မှာပဲရှိသေးပြီး လုပ်ငန်းဆောင်ရွက်တဲ့ အခြေအနေထိ မရောက်သေးဘူးလို့ သိရပါတယ်။


-ထွန်းထွန်း

[ Unicode ]

ပြည်တွင်းလုပ်ငန်းတွေမှာ ဆိုက်ဘာလုံခြုံရေးနဲ့ ပတ်သက်လို့ဆောင်ရွက်ထားမှု နည်းပါးကြောင်း သိရပါတယ်။

ပြည်တွင်းမှာ ဆိုက်ဘာလုံခြံုရေး (Cyber Security) နဲ့ပတ်သက်လာရင် ငွေအသုံးပြုမှုနည်းပါးကြောင်း၊ လုပ်ငန်းရှင်တွေက ဘတ်ဂျက်ချထားပေးခြင်းမျိုး မရှိကြောင်း ဇူလိုင် ၂၂ ရက်ကပြုလုပ်တဲ့ Cyber Security ဆွေးနွေးပွဲကနေသိရပါတယ်။ “Security လို့ ပြောလိုက်ရင် ဘယ်ဘဏ်မှ ဘယ်ကုမ္ပဏီမှ ဘယ်သူဌေးမှ လက်မခံဘူး၊ ဒါတွေသုံးမယ့်အစား အခြားကိုသုံးမယ်ဆိုတာ မျိုးရှိတယ်၊ ကျွန်တော်တို့က အခြား issue တစ်ခုနဲ့ ချည်းကပ်ရတာပေါ့နော်၊ ဒါကတော့ data center ဆောက်ဖို့၊ လုံခြံုရေးပစ္စည်းဝယ်ဖို့ စသည်ဖြင့် ပြန်လုပ်ရတယ်” လို့ AYA Bank ရဲ့ CTO ဦးမင်းဝင့်ဦးက သုံးသပ်ပြောကြားပါတယ်။ လက်ရှိအချိန်မှာ ဆိုက်ဘာလုံခြံုရေး ဆောင်ရွက်ဖို့ကို အများပြည်သူဆီ အသိပညာပေးတဲ့ အဆင့်မှာပဲရှိသေးပြီး လုပ်ငန်းဆောင်ရွက်တဲ့ အခြေအနေထိ မရောက်သေးဘူးလို့ သိရပါတယ်။

“တစ် ခုခုပြောင်းလဲချင်တယ်ဆိုရင် ပိုက်ဆံထုတ်မပေးဘူး၊ ဘတ်ဂျက်ထုတ်မပေးဘူး ဆိုရင်မရဘူး၊ ပြောင်းလဲမယ်ဆိုရင် ဘတ်ဂျက်မရှိရင် ဘာမှမရဘူး” လို့ Risk Assurance, PwC ရဲ့ ဒါရိုက်တာ ဦးမိုက်ဘုန်းမြင့်က ပြောပါတယ်။

-ထွန်းထွန်း