လုပ္ငန္းခြင္လက္ေတြ႔ စီမံခန္႔ခြဲမႈအရာထမ္း သင္တန္းေလွ်ာက္ထားႏိုင္

[ Zawgyi ]

ဘြဲ႕ရၿပီးလူငယ္ေတြအေနနဲ႔ ကုမၸဏီတြင္းက ဌာနေပါင္းစံုမွာ ဝင္ေရာက္ေလ့လာကာ လုပ္ငန္းနယ္ပယ္မွာ ဦးေဆာင္ႏိုင္သူေတြ ျဖစ္လာေစဖို႔အတြက္ ရည္ရြယ္ကာ ျပဳလုပ္ေပးတဲ့ စီမံခန္႔ခြဲမႈအရာထမ္း သင္တန္းကို ေလွ်ာက္ထားႏိုင္ေၾကာင္း သိရပါတယ္။

အဲဒီသင္တန္းကို Unilever ကဦးစီးျပဳလုပ္ေပးျခင္းျဖစ္ကာ လုပ္ငန္းလုပ္ကိုင္မႈ ပိုမိုကၽြမ္းက်င္ကာ လက္ေတြ႔ေလ့လာ သင္ယူႏိုင္ဖို႔အတြက္ ျပဳလုပ္ရျခင္းျဖစ္ေၾကာင္း သိရပါတယ္။ သင္တန္းအတြက္ အေရြးခံရသူေတြအေနနဲ႔ ကုမၸဏီက ဌာနေပါင္းစံုမွာ ၂ ႏွစ္ၾကာ လက္ေတြ႕ေလ့လာ ရမွာျဖစ္ကာ လုပ္ငန္းလုပ္ကိုင္ ေဆာင္ရြက္မႈေတြကို က်နစြာသိေစဖို႔နဲ႔ ဌာနအခ်င္းခ်င္း ခ်ိတ္ဆက္ လုပ္ေဆာင္ပံုေတြကို သင္ၾကားရမွာျဖစ္ေၾကာင္း သိရပါတယ္။

သင္ၾကားေနတဲ့ အေတာအတြင္းမွာ တန္းတူညီတဲ့လစာနဲ႔ အျခားအက်ိဳးခံစားခြင့္ေတြကိုပါ ေပးသြားမွာျဖစ္ကာ သင္တန္းၿပီးဆံုးပါက လစ္လပ္ေနရာအတြက္ အလုပ္ခန္႔သြားမယ္လို႔ သိရပါတယ္။ ေလွ်ာက္ထားလိုသူေတြအေနနဲ႔ ၾသဂုတ္ ၃ ရက္ေနာက္ဆံုးထားကာ ဒီေနရာမွာ တိုက္႐ိုက္ေလွ်ာက္ထားႏိုင္မွာ ျဖစ္ပါတယ္။

-ေအာင္သက္ကို

[ Unicoe ]

ဘွဲ့ရပြီးလူငယ်တွေအနေနဲ့ ကုမ္ပဏီတွင်းက ဌာနပေါင်းစုံမှာ ဝင်ရောက်လေ့လာကာ လုပ်ငန်းနယ်ပယ်မှာ ဦးဆောင်နိုင်သူတွေ ဖြစ်လာစေဖို့အတွက် ရည်ရွယ်ကာ ပြုလုပ်ပေးတဲ့ စီမံခန့်ခွဲမှုအရာထမ်း သင်တန်းကို လျှောက်ထားနိုင်ကြောင်း သိရပါတယ်။

အဲဒီသင်တန်းကို Unilever ကဦးစီးပြုလုပ်ပေးခြင်းဖြစ်ကာ လုပ်ငန်းလုပ်ကိုင်မှု ပိုမိုကျွမ်းကျင်ကာ လက်တွေ့လေ့လာ သင်ယူနိုင်ဖို့အတွက် ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရပါတယ်။ သင်တန်းအတွက် အရွေးခံရသူတွေအနေနဲ့ ကုမ္ပဏီက ဌာနပေါင်းစုံမှာ ၂ နှစ်ကြာ လက်တွေ့လေ့လာ ရမှာဖြစ်ကာ လုပ်ငန်းလုပ်ကိုင် ဆောင်ရွက်မှုတွေကို ကျနစွာသိစေဖို့နဲ့ ဌာနအချင်းချင်း ချိတ်ဆက် လုပ်ဆောင်ပုံတွေကို သင်ကြားရမှာဖြစ်ကြောင်း သိရပါတယ်။

သင်ကြားနေတဲ့ အတောအတွင်းမှာ တန်းတူညီတဲ့လစာနဲ့ အခြားအကျိုးခံစားခွင့်တွေကိုပါ ပေးသွားမှာဖြစ်ကာ သင်တန်းပြီးဆုံးပါက လစ်လပ်နေရာအတွက် အလုပ်ခန့်သွားမယ်လို့ သိရပါတယ်။ လျှောက်ထားလိုသူတွေအနေနဲ့ သြဂုတ် ၃ ရက်နောက်ဆုံးထားကာ ဒီနေရာမှာ တိုက်ရိုက်လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

-အောင်သက်ကို