လိပ်လို့ရတဲ့ display ပါဝင်တဲ့ ၁၇ လက်မ LG Laptop

မကြာသေးခင်က ကြေညာခဲ့တဲ့ Oppo ဖုန်းနဲ့ TCL concept ဖုန်းတွေမှာ လိပ်လို့ရတဲ့ display ပါဝင်လာပါတယ်။

မျက်နှာပြင် လိပ်လို့ရတဲ့ မျိုးဆက်သစ် စမတ်ဖုန်းတွေက မဝေးတော့ပါဘူး။ LG က မျက်နှာပြင် ခေါက်လိပ်လိုက်လို့ရတဲ့ တန်ဖိုးကြီး တီဗီကိုလည်း ဒေါ်လာ ၆၀,၀၀၀ နဲ့စတင်ရောင်းချနေပါတယ်။ ဒါ့အပြင် မကြာသေးခင်က “Rollable” နာမည်နဲ့ စမတ်ဖုန်းကိုလည်း မှတ်ပုံတင်ထားပါတယ်။

LG ရဲ့ နောက်ဆုံး မူပိုင်ခွင့်တစ်ခုကတော့ laptop ပုံစံဖြစ်ပြီး ၁၇ လက်မအရွယ် display ကို လိပ်လို့ရတယ်လို့ သိရပါတယ်။ အဲဒီ display ကို ၃.၃ လက်မအထိ လိပ်ပြီး ဘယ်နေရာမှာ မဆို ဖြန့်နိုင်ပါတယ်။

-စိုးထက်
Ref: GSMArena

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««