လာမယ့္လအတြင္း Android ႏွင့္ iOS အတြက္ Dr.Mario World ကုိျဖန္႔ခ်ိမည္

[ Zawgyi ]

Nintendo ဟာ ဇူလိုင္လ ၁၀ ရက္မွာ iOS နဲ႔ Android အတြက္ Dr.Mario World ကုိ ျဖန္႔ခ်ိသြားမယ္လို႔ ေၾကညာခဲ့ပါတယ္။ အခု “action puzzle” ဂိမ္းကုိ ဇန္နဝါရီလအတြင္း ပထမဆုံးအႀကိမ္ မိတ္ဆက္ခဲ့ၿပီး ၂၀၁၉ ခုႏွစ္ ေႏြရာသီအတြင္း တစ္ကမ႓ာလုံးဆီ ျဖန္႔ခ်ိမယ္လို႔သိရပါတယ္။

Dr. Mario World ဂိမ္းဟာ ၁၉၉၀ ခုႏွစ္ကထြက္ရွိတဲ့ Dr. Mario puzzle ဂိမ္းအေပၚ အေျခခံထားပါတယ္။ ကစားသူက ဗိုင္းရပ္စ္ေတြနဲ႔ ေရာင္စုံေဆးေတာင့္ ပုံစံအမ်ိဳးမ်ိဳးကုိ တူရာတြဲေပးတဲ့အခါမွာ ေပ်ာက္သြားမွာ ျဖစ္ပါတယ္။
Dr. Mario ဂိမ္းမွာ လူမႈကြန္ရက္ပုံစံကို ထည့္သြင္းထားပါတယ္။ ကစားသူက stamina ျဖစ္တဲ့ အသည္းေတြကို အျခားသူေတြဆီ ေပးပုိ႔ႏိုင္သလုိ လက္ခံႏိုင္ပါတယ္။ ဒါ့အျပင္ အျခားကစားသူေတြနဲ႔ တစ္ေယာက္ခ်င္း ယွဥ္ၿပိဳင္ ကစားႏိုင္ၿပီး အႏိုင္ရရွိတဲ့အခါ one-on-one အြန္လိုင္းပြဲအႏိုင္ရရွိမႈ အဆင့္သတ္မွတ္ခ်က္ ျမင့္မားလာမွာ ျဖစ္ပါတယ္။

အခုဆိုရင္ ကစားသူက App Store ေပၚမွာ Dr. Mario World အတြက္ ႀကိဳတင္စာရင္းသြင္းႏိုင္ၿပီ ျဖစ္ပါတယ္။ ဂိမ္းကို အခမဲ့ download ျပဳလုပ္ကစားႏိုင္ၿပီး in-app purchase ေတြပါဝင္လာပါတယ္။ Dr. Mario ဂိမ္းကစားဖို႔ အတြက္ အင္တာနက္ခ်ိတ္ဆက္မႈ လုိအပ္တယ္လို႔ Nintendo ကေျပာခဲ့ပါတယ္။ Dr. Mario ကုိ iPhone နဲ႔ iPad ႏွစ္ခုစလုံးအတြက္ ဒီဇိုင္းထုတ္ထားပါတယ္။

စိုးထက္
Ref: 9to5Mac

[ Unicode ]

Nintendo ဟာ ဇူလိုင်လ ၁၀ ရက်မှာ iOS နဲ့ Android အတွက် Dr.Mario World ကိုဖြန့်ချိသွားမယ်လို့ ကြေညာခဲ့ပါတယ်။ အခု “action puzzle” ဂိမ်းကို ဇန်နဝါရီလအတွင်း ပထမဆုံးအကြိမ် မိတ်ဆက်ခဲ့ပြီး ၂၀၁၉ ခုနှစ် နွေရာသီအတွင်း တစ်ကမ႓ာလုံးဆီ ဖြန့်ချိမယ်လို့သိရပါတယ်။

Dr. Mario World ဂိမ်းဟာ ၁၉၉၀ ခုနှစ်ကထွက်ရှိတဲ့ Dr. Mario puzzle ဂိမ်းအပေါ် အခြေခံထားပါတယ်။ ကစားသူက ဗိုင်းရပ်စ်တွေနဲ့ ရောင်စုံဆေးတောင့် ပုံစံအမျိုးမျိုးကို တူရာတွဲပေးတဲ့အခါမှာ ပျောက်သွားမှာ ဖြစ်ပါတယ်။
Dr. Mario ဂိမ်းမှာ လူမှုကွန်ရက်ပုံစံကို ထည့်သွင်းထားပါတယ်။ ကစားသူက stamina ဖြစ်တဲ့ အသည်းတွေကို အခြားသူတွေဆီ ပေးပို့နိုင်သလို လက်ခံနိုင်ပါတယ်။ ဒါ့အပြင် အခြားကစားသူတွေနဲ့ တစ်ယောက်ချင်း ယှဉ်ပြိုင် ကစားနိုင်ပြီး အနိုင်ရရှိတဲ့အခါ one-on-one အွန်လိုင်းပွဲအနိုင်ရရှိမှု အဆင့်သတ်မှတ်ချက် မြင့်မားလာမှာ ဖြစ်ပါတယ်။

အခုဆိုရင် ကစားသူက App Store ပေါ်မှာ Dr. Mario World အတွက် ကြိုတင်စာရင်းသွင်းနိုင်ပြီ ဖြစ်ပါတယ်။ ဂိမ်းကို အခမဲ့ download ပြုလုပ်ကစားနိုင်ပြီး in-app purchase တွေပါဝင်လာပါတယ်။ Dr. Mario ဂိမ်းကစားဖို့ အတွက် အင်တာနက်ချိတ်ဆက်မှု လိုအပ်တယ်လို့ Nintendo ကပြောခဲ့ပါတယ်။ Dr. Mario ကို iPhone နဲ့ iPad နှစ်ခုစလုံးအတွက် ဒီဇိုင်းထုတ်ထားပါတယ်။

Ref: 9to5Mac