လာမယ့်လအတွင်း Pixel 4 ရဲ့ face unlock စနစ်ကို Google အဆင့်မြှင့်တင်သွားမည်

Google Pixel 4 မှာ fingerprint sensor မပါဝင်ဘဲ face unlock feature သစ်တစ်ခု ပါဝင်လာပါတယ်။ အဲဒီ face unlock မှာ အားနည်းချက်တစ်ခု ရှိနေပြီး သုံးစွဲသူက မျက်လုံးပိတ်ထားစဉ်အတွင်း ဖုန်းကို unlock ပြုလုပ်ပေးနိုင်ပါတယ်။

Google အနေနဲ့ ပြဿနာကိုဖြေရှင်းဖို့ software update ဖြန့်ချိသွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ Google က ဖြန့်ချိမယ့် software update က အချိန်ကြာမြင့်နိုင်ပါတယ်။ “ဖုန်းကို unlock ဖွင့်မယ်ဆိုရင် မျက်လုံးကို ဖွင့်ထားရမယ့် option ကိုလုပ်ကိုင်နေပြီး လာမယ့်လအနည်းငယ်အတွင်း software update ကိုဖြန့်ချိသွားမယ်” လို့ Google ကပြောခဲ့ပါတယ်။

Pixel 4 ရဲ့ face unlock feature က iPhone မှာပါဝင်တဲ့ စနစ်နဲ့ ဆင်ပါတယ်။ မျက်နှာရဲ့အတွင်းကျကျ မှန်ကန်စွာ ဖတ်နိုင်၊ ဖန်တီးနိုင်ဖို့ အနီအောက် ပရော်ဂျက်တာတွေနဲ့ ကင်မရာတွေကို အသုံးပြုထားပါတယ်။ အခြား RGB ကင်မရာတွေထက် လုံခြုံတဲ့အတွက် face unlock စနစ်ကို ဓာတ်ပုံ၊ ဗီဒီယိုတွေနဲ့ လှည့်စားလို့ မရပါဘူး။

စိုးထက်
Ref: TheVerge