
ပြီးခဲ့တဲ့ရက်က OPPO နဲ့ vivo တို့က အားသွင်းအလွန်မြန်ဆန်တဲ့ ဖုန်းတွေကို မိတ်ဆက်ခဲ့ပါတယ်။ OPPO ကတော့ ဗုဒ္ဓဟူးနေ့မှာ 125W အားသွင်းမြန်ဆန်မှု နည်းပညာအတွက် တရားဝင်ပွဲကို မိတ်ဆက်ထားပါတယ်။ vivo ကလည်း iQOO နည်းပညာက 100W အားသွင်းမြန်ဆန်စနစ် gaming စမတ်ဖုန်းကို ထောက်ပံ့ပေးနိုင်ပါတယ်။
အခုဆိုရင် Xiaomi ကလည်း 100W အားသွင်းမြန်ဆန်စနစ် နည်းပညာကို လုပ်ကိုင်နေတယ်လို့ Weibo က သတင်းရင်းမြစ်တစ်ခုက ဖော်ပြခဲ့ပါတယ်။ Xiaomi ရဲ့အားသွင်းမြန်ဆန်စနစ် ပါဝင်တဲ့ စမတ်ဖုန်းက ဩဂုတ်လမှာ ထွက်ရှိနိုင်ပါတယ်။
Xiaomi ဟာ အရင်ကလည်း အားသွင်းမြန်ဆန်နည်းပညာကို ပြသခဲ့ဖူးတယ်။ အဲ့အချိန်တုန်းက OPPO က 50W ထောက်ပံ့ချိန်မှာ Xiaomi ရဲ့ 100W ထုတ်ကုန်က ၁၇ မိနစ်အတွင်း 4000mAh ကို အားအပြည့်သွင်းနိုင်ပါတယ်။ ဒါပေမဲ့လည်း Xiaomi ရဲ့နည်းပညာက ဈေးကွက်ပေါ် ရောက်မလာခဲ့ပါဘူး။
စိုးထက်
Ref: GadgetMatch