လာမယ့်လအတွင်း မိတ်ဆက်သွားမယ့် LG Velvet ဖုန်း

LG Electronic ဟာ လာမယ့်လအတွင်း LG Velvet ဖုန်းကို မိတ်ဆက်သွားမယ်လို့ ထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့အပတ်က LG Velvet ဖုန်းသစ်ရဲ့ ရုပ်ပုံထွက်ပေါ်လာပါတယ်။ LG အနေနဲ့ Velvet မှာ “falling raindrops” ဒီဇိုင်းကို အသုံးပြုသွားမယ်လို့ ကြေညာထားကာ ကျောဘက်ကင်မရာ ၃လုံးနဲ့ LED flash ပါဝင်လာပါမယ်။ ဖုန်းရဲ့ ဘေးဘက်မှာ ခေါက်ချိုးညီ အနားကွေးတွေ ပါဝင်လာမယ်လို့ သိရပါတယ်။ ဖုန်းဒီဇိုင်းက အဆင့်မြင့်ပြီး flagship ဖုန်းတွေထက် ဈေးသက်သာမယ်လို့ သိရပါတယ်။

LG က Velvet ကိုယ်ပိုင်အမှတ်တံဆိပ် ရှိလာရင် flagship ဖုန်းတွေမှာ G နဲ့ V တံဆိပ်တွေကို ဆက်လက်အသုံးမပြုတော့ဖူးလို့ ပြောထားပါတယ်။

‘ကျွန်တော်တို့ အမှတ်တံဆိပ်သစ်က ဒီဇိုင်းက အထူးပြုတဲ့ တစ်ကိုယ်ရေစိတ်ခံစားမှုနဲ့ ထူးခြားတဲ့ တစ်ကိုယ်ရေ အရသာကို ဖော်ပြမှုမှာ လက်ရှိရေစီးကို ထင်ဟပ်ပါတယ်” လို့ LG မိုဘိုင်းလုပ်ငန်းရဲ့ ထုတ်ကုန်နည်းဗျူဟာ ဒုဥက္ကဋ္ဌ ချန်မာကပြောခဲ့ပါတယ်။

စိုးထက်
Ref: ZDNet