လာမယ့်လမှာ ထွက်ရှိမယ့် Redmi K40

Xiaomi တံဆိပ်ခွဲ Redmi K စီးရီးဖုန်းတွေကတော့ ၂၀၁၉ ခုနှစ်က Redmi K20 Pro နဲ့စတင်ခဲ့ပြီး ၂၀၂၀ မှာ Redmi K30 Pro ထွက်ရှိခဲ့ပါတယ်။ အခုဆိုရင်တော့ Redmi K40 ကလည်း ထွက်ရှိတော့မယ်လို့ အတည်ပြုထားပါတယ်။

Redmi ရဲ့ အထွေထွေမန်နေဂျာ လူဝေပင်ကတော့ လာမယ့်လအတွင်း Redmi K40 ထွက်ရှိမယ်လို့ Weibo မှာအတည်ပြုထားပါတယ်။ ဈေးနှုန်းကတော့ ၄၆၃ ဒေါ်လာ ကျသင့်ပါမယ်။ မနှစ်က ထွက်ခဲ့တဲ့ Redmi K30 Pro နဲ့ ဈေးနှုန်း အတူတူ ဖြစ်ပြီး ဒေါ်လာ ၆၁၇ တန် Mi 11 ထက်တော့ ဈေးသက်သာပါတယ်။ K40 ဈေးနှုန်းကတော့ တရုတ်ဈေးကွက်အတွက် အသားပေး ထုတ်လုပ်ထားပါတယ်။

Redmi K40 ဖုန်းမှာတော့ ဘက်ထရီ 4,000mAh နဲ့ Snapdragon 888 ပရိုဆက်ဆာ ပါဝင်လာပါမယ်။ K40 ဖုန်းကတော့ စွမ်းဆောင်ရည်ကောင်းတဲ့ ဖုန်းတစ်လုံး ဖြစ်လာနိုင်ပါတယ်။

-စိုးထက်
Ref: AndroidAuthority

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««