လာမယ့်မတ်လမှာ ဂိမ်းဝန်ဆောင်မှုတွေရဲ့ multiplayer API တွေကို Google ပိတ်သိမ်းမည်

Google ဟာ မိုဘိုင်း developer တွေကို Play Games Services အစိတ်အပိုင်းအဖြစ် ဂိမ်းများစွာရဲ့ အသုံးဝင်တဲ့ APIs တွေကို အသုံးပြုခွင့်ပေးခဲ့ပါတယ်။

Play Games APIs နဲ့ အချိန်နဲ့တစ်ပြေးညီ တစ်လှည့်စီ multiplayer ဝန်ဆောင်မှု ၂ မျိုးကို လာမယ့်မတ်လမှာ ပိတ်သိမ်းသွားမယ်လို့ သိရပါတယ်။

Play Games Services က multiplayer AIs ပိတ်သိမ်းမှုကို စတင် ဆောင်ရွက်နေတယ်လို့ ထောက်ပံ့မှုစာမျက်နှာသစ်မှာ Google ကပြောခဲ့ပါတယ်။ မတ် ၃၁ ရက် နောက်ဆုံးထားပြီး ပိတ်သိမ်းသွားမယ်လို့ သိရပါတယ်။ အခုအချိန်ကစပြီး developer တွေအနေနဲ့ app သစ်တွေမှာ အချိန်နဲ့တစ်ပြေးညီနဲ့ တစ်လှည့်စီ အခြေခံ multiplayer အတွက် Play Games Serivces အတွင်း မထည့်သွင်းနိုင်တော့ဘူးလို့ သိရပါတယ်။

လက်ရှိ app တွေအနေနဲ့ အဲဒီ feature တွေကို မတ် ၃၁ ရက်အထိ ပုံမှန်အတိုင်းအသုံးပြုနိုင်ပါတယ်။ Developer အနေနဲ့ multiplayer ဝန်ဆောင်မှုတွေကို ရွှေ့ပြောင်းဖို့ ၆ လအထိ အချိန်ရပါတယ်။

အခြား Google Play Games Services ကဝန်ဆောင်မှုတွေဖြစ်တဲ့ achievements, leaderboards နဲ့ cloud save တွေအပေါ် သက်ရောက်မှုမရှိဘူးလို့ သိရပါတယ်။

စိုးထက်
Ref: GSMArena