လာမယ့်နှစ် HarmonyOS ဖုန်းဖြန့်ချိမယ့် Huawei

ပြီးခဲ့တဲ့နှစ်မှာတော့ အမေရိကန်ကုန်သွယ်ရေးဌာနက အမေရိကန်ကုမ္ပဏီတွေက လိုအပ်တဲ့ အစိတ်အပိုင်းတွေကို Huawei ဆီမထောက်ပံ့နိုင်အောင် ပိတ်ပင်ခဲ့ပါတယ်။ ဒါကြောင့် Huawei ဟာ စမတ်ဖုန်း ထုတ်ဖို့ လိုအပ်တဲ့ အစိတ်အပိုင်းတွေကို ရင်းမြစ်အသစ်ကနေ ရှာဖွေခဲ့ရပါတယ်။

အမေရိကန်ရဲ့ ပိတ်ပင်မှုကြောင့် Huawei ဟာ Android ရဲ့ Google Mobile Services တွေကိုလည်း သုံးလို့မရတော့ပါဘူး။ Android မှာ Google ရဲ့ Android app တွေ အသုံးပြုလို့မရတော့တာကြောင့် Huawei နိုင်ငံတကာဈေးကွက် ထိခိုက်ခဲ့ပါတယ်။

၂၀၁၉ ဩဂုတ်လမှာ Huawei ဟာ Harmony အမည်ရ operating system အသစ်ကို ဖန်တီးနေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ Huawei က Android နေရာအစားထိုးမယ့် OS အသစ်လို့ လူအများစုက ခန့်မှန်းခဲ့ကြပါတယ်။ Huawei စီအီးအို ရစ်ချတ်ယူကတော့ HarmonyOS က စမတ်စပီကာ၊ tablet ၊ စမတ်နာရီ၊ ကွန်ပျူတာနဲ့ စမတ်ဖုန်းမှာ အသုံးပြုနိုင်မယ်လို့ ပြောခဲ့ပါတယ်။ HarmonyOS ဟာ RAM အနည်းငယ်နဲ့ gigabyte ရာပေါင်းများစွာနဲ့ လည်ပတ်နိုင်တယ်လို့ Huawei ကဆိုခဲ့တယ်။ HarmonyOS အသုံးပြုထားတဲ့ တီဗီတွေလည်း ထွက်ရှိပါမယ်။

၂၀၂၁ ခုနှစ်အတွင်း Huawei ဟာ HarmonyOS ထောက်ပံ့ထားတဲ့ ပထမဆုံးဖုန်းကို တင်ပို့ရောင်းချမယ်လို့ ရစ်ချတ်ယူက ပြောခဲ့ပါတယ်။ လာမယ့်အင်္ဂါနေ့ စက်တင်ဘာ ၁၀ ရက်မှာ ၂၀၂၀ HDC developer ကွန်ဖရင့် အတွင်း HarmonyOS ဒုတိယဗားရှင်းကို မိတ်ဆက်ဖို့ ရှိတယ်လို့ သိရပါတယ်။ HarmonyOS အသုံးပြုထားတဲ့ ထုတ်ကုန်ကိုလည်း မိတ်ဆက်ပါမယ်။ ဒီနှစ်အတွင်း HarmonyOS အသုံးပြုထားတဲ့ စမတ်နာရီသစ်တွေလည်း ထွက်လာပါမယ်။

စိုးထက်
Ref:PhoneArena

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««