လာမယ့်နှစ်အစောပိုင်းမှာ မိတ်ဆက်မယ့် iPad Pro အသစ်

Apple ဟာ ၂၀၂၁ ခုနှစ် ပထမ သုံးလပတ်အတွင်း Mini-LED display သုံးထားတဲ့ ၁၂.၉ လက်မ iPad Pro ကိုမိတ်ဆက်မယ်လို့ DigiTimes ကဖော်ပြလိုက်တယ်။ သတင်းအရ Apple ဟာ iPad Pro အသစ်အတွက် display နဲ့ touch panel အတွက် ပစ္စည်းထောက်ပံ့မှု ကုမ္ပဏီတွေကို ခွဲဝေပေးထားပါတယ်။ BOE ကတော့ iPhone အတွက် OLED panel တွေထောက်ပံ့ခွင့် ရခဲ့ပါတယ်။ အခုအခါမှာတော့ GIS ကတော့ iPhone နဲ့ အသစ်ထွက်မယ့် iPad Pro အတွက် touch panel ထုတ်လုပ်ခွင့် ရထားပါတယ်။

Apple ဟာ ၁၂.၉ လက်မ Mini-LED display အသုံးပြုထားတဲ့ iPad Pro ထွက်ရှိဖို့ ကောလာဟလထွက်နေတာ ကြာပါပြီ။ လက်ရှိ iPad ရဲ့ display တွေထက် သာလွန်မယ့် iPad Pro မျက်နှာပြင်က အနက်ရောင်က ပိုမိုထူထဲပြီး အလင်းက တောက်ပကာ အရောင်တွေလည်း ကြွယ်ဝပါတယ်။ သီးခြား LED ထောင်ပေါင်းများစွာက display အတွက် အလင်းလွှင့်ပေးနိုင်ပါတယ်။

-စိုးထက်
Ref: MacRumors

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««