လာမယ့်နှစ်ထွက်ရှိမယ့် Samsung ဖုန်းမှာ under-display ကင်မရာ ပါဝင်လာမယ်

Samsung ဟာ ဈေးကွက်ထဲကို under-display ကင်မရာနည်းပညာ ထည့်သွင်းဖို့ စီစဉ်နေပြီး ဒီလ အစောပိုင်းမှာ အမြောက်အမြား ထုတ်လုပ်သွားမယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

တကယ်လို့ ထုတ်လုပ်မှုအပိုင်းမှာ အောင်မြင်ခဲ့ရင် Samsung အနေနဲ့ လာမယ့်နှစ်အတွင်း under-display ကင်မရာကို ဖုန်းမှာ မိတ်ဆက်ပြီး တစ်လ ယူနစ် ၃၀,၀၀၀ တည်ဆောက်ဖို့ စီစဉ်နေပါတယ်။ အဲဒီနည်းပညာကို Galaxy S11 မှာ မထည့်သွင်းဘဲ Galaxy Fold မှာပဲပါဝင်လာဖို့ ရှိပါတယ်။

Samsung ဟာ under-display ရှေ့ကင်မရာထည့်သွင်းဖို့ နည်းပညာပြဿနာတွေနဲ့ ကြုံတွေ့နေရပါတယ်။ OLED panel ဟာ ထွင်းဖောက်တဲ့အတွက် အလင်းကို ပုံပြောင်းစေပြီး sensor ကရုပ်ပုံအရည်အသွေးကို လျှော့နေတဲ့ပြဿနာကို Samsung ကဖြေရှင်းနေပါတယ်။

Samsung အနေနဲ့ OLED panel ကို အလင်းမယိုင်စေဖို့ ထွင်းဖောက်မြင်နိုင်အောင် ပြုလုပ်နေပြီး အလင်းယိုင်မှုကို အနည်းဆုံးဖြစ်အောင် software algorithm ကိုလည်း ဖန်တီးနေတယ်လို့ သိရပါတယ်။

စိုးထက်
Ref: GSMArena