လာဘ်ထိုးမှုနဲ့ ထောင်ဒဏ် ၂ နှစ်ခွဲ ချမှတ်ခံရတဲ့ Samsung ခေါင်းဆောင်

Samsung ကုမ္ပဏီရဲ့ ကွယ်လွန်သွားတဲ့ ဥက္ကဋ္ဌရဲ့သားဖြစ်သူ အမွေစားအမွေခံ လီယောင်ဂျေးဟာ ထောင်ဒဏ် ၂ နှစ်ကျခံရမယ်လို့ တောင်ကိုရီးယား အယူခံတရားရုံးက ကြေညာခဲ့ပါတယ်။ လီယောင်ဂျေးဟာ သမ္မတရုံးက လူတစ်ယောက်ဆီ လာဘ်ထိုးမှုပြုလုပ်ခဲ့တယ် ဆိုတဲ့ စွဲချက်အပေါ် ၃ နှစ်ကြာ တရားရင်ဆိုင်ပြီးနောက် အမိန့်ချမှတ်ခံခဲ့ရပါတယ်။

၂၀၁၇ ခုနှစ်တုန်းက လီယောင်ဂျေးဟာ တောင်ကိုရီးယာသမ္မတဟောင်း တွဲဖက် ချွဲဆီဝမ်ဆီ တောင်ကိုရီးယားဝမ် ဘီလျံ ၃၀ (၂၇.၆ ဘီလျံ) ပေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။ Samsung C&T နဲ့ Cheil Industries အကြား ပေါင်းစပ်မှုကို ကူညီဖို့ လာဘ်ထိုးခဲ့ပါတယ်။ အဲဒီကုမ္ပဏီ ၂ ခုပေါင်းစပ်မှုကြောင့် လီယောင်ဂျေးဟာ ဖခင်အရိုက်အရာကို ဆက်ခံပြီး အဘိုးတည်ထောင်ခဲ့တဲ့ Samsung Electronics ထိန်းချုပ်လာနိုင်ပါမယ်။ ထောင်တွင်းကျစဉ်အတွင်း ကုမ္ပဏီပေါင်းစပ်မှု လုပ်ငန်းစဉ်က တစ်နှစ်လောက် ကြာမြင့်ပြီး တောင်ကိုရီးယား အမြင့်ဆုံးတရားရုံးမှာလည်း တရားပြန်လည် ရင်ဆိုင်ရနိုင်ပါတယ်။ Samsung ဥက္ကဋ္ဌဟောင်းကလည်း ၂၀၂၀ အောက်တိုဘာလမှာ ကွယ်လွန်သွားပြီး ထိပ်တန်းရာထူး လစ်လပ်နေသလို ဒေါ်လာ ၂၁ ဘီလျံ အမွေဆက်ခံမယ့်သူကိုလည်း ရှာဖွေရပါမယ်။

လီယောင်ဂျေး ထောင်ထဲရောက်သွားတာကြောင့် Samsung စွမ်းဆောင်ရည်အပေါ် ရိုက်ခတ်မှုလည်း ရှိလာနိုင်ပါတယ်။

-စိုးထက်
Ref: GSMArena

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««