လရောင်တောစိုက်ပျိုးသက်မွေး ပညာသင်တန်းကျောင်းမှ သင်တန်းလျှောက်လွှာများခေါ်ယူ

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ စိုက်ပျိုးရေးပညာရှင်လူငယ်များ တိုးတက်များပြားလာစေရန် ရည်ရွယ်ကာ လရောင်တော စိုက်ပျိုးရေးသက်မွေးပညာသင်တန်းကျောင်း (LYT-HTA) (နေပြည်တော်) အတွက်သင်တန်းလျှောက်လွှာခေါ်ယူနေပါတယ်။

သင်တန်းကို အောက်တိုဘာလမှာ ဖွင့်လှစ်သွားမှာ ဖြစ်ပြီး သင်တန်းကာလအတွင်း Organic ကိုအခြေခံကာ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့်ပန်းမန် ဥယျာဥ်စိုက်ပျိုးခြင်း၊ သစ်တောပြုန်းတီးမှုမှ ကာကွယ်နိုင်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့ကို ပြည်တွင်းနှင့် နိုင်ငံတကာ အတွေ့အကြုံရှိသော သင်တန်း ဆရာ၊ ဆရာများ မှ စနစ်တကျ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမှာ ဖြစ်ပါတယ်။

သင်တန်းကာလ တစ်နှစ်ကြာမြင့်မှာဖြစ်ပြီး သင်တန်းချိန်ကတော့ နံနက် ၇ နာရီမှ ညနေ ၅ နာရီ၊ တင်္နလာနေ့မှ သောကြာနေ့အထိ တက်ရောက်ရမှာ ဖြစ်ပါတယ်။ လျှောက်လွှာတွေကို ဇူလိုင် ၁ ရက်မှ ၃၀ ရက်အထိ ထုတ်ယူနိုင်ပြီး ဇူလိုင် ၃၀ ရက်နောက်ဆုံးထား လျှောက်ထားရမှာ ဖြစ်ပါတယ်။

သင်တန်းသို့ အဌမတန်းအောင်မြင်ပြီးသူတွေ၊ အသက် ၁၈ နှစ်မှ ၃၀ နှစ်အတွင်းရှိသူ၊ ကျန်းမာရေးကောင်းမွန်သူ၊ သင်တန်းစည်းကမ်းချက်များကို လိုက်နာနိုင်သူနဲ့ သင်တန်းပြီးဆုံးအောင် တက်ရောက်နိုင်သူတွေ တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ ဝင်ခွင့်ဖြေဆိုရမယ့်သူ စာရင်းကို သြဂုတ် ၇ ရက်မှာ LYT-HTA သင်တန်းကျောင်း နဲ့ Horticulture Training Academy Page မှာကြည့်ရှုနိုင်ပါတယ်။

လျှောက်လွှာတွေကို LYT-HTA သင်တန်းကျောင်းနဲ့ Social Media တွေဖြစ်တဲ့ Horticulture Training Academy Page တွေမှာ ရယူနိုင်ပြီး LYT-HTA သင်တန်းကျောင်းနဲ့ Social Media တွေဖြစ်တဲ့ Messenger, Viber (၀၉၇၈၇၉၅၆၄၄၇ နဲ့ ၀၉၇၉၇၈၅၃၃၇၃)နဲ့ email – hta.layaungtaw@gmail.com ကို ပေးပို့ရမှာဖြစ်ပါတယ်။

အသေးစိတ်အချက်အလက်တွေကို ဖုန်း – ၀၉၇၈၇၉၅၆၄၄၇ နဲ့ ၀၉၇၉၇၈၅၃၃၇၃ သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

-အောင်သူ