လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် စာစစ်ဌာနများမှ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို မြန်မာ့အသံမှ ထုတ်လွှင့်ကြေညာပေးမည်

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်စာရင်းများကြေညာရာတွင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသောတိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ စာစစ်ဌာနများမှ အောင်မြင်ကြသူတွေ အတွက် ယခင်နှစ်များအတိုင်း သြဂုတ် ၉ ရက် နံနက် ၆ နာရီတွင် မြန်မာ့အသံ (ရေဒီယို) တိုင်းရင်းသားအစီအစဥ်များမှ စတင်ထုတ်လွှင့်ကြေညာပေးသွားမှာ ဖြစ်တယ်လို့သိရပါတယ်။

ထုတ်လွှင့်ပေးမယ့်စာစစ်ဌာနတွေကတော့ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တနင်္သာရီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးတို့ မှ စာစစ်ဌာနတွေနဲ့ ရန်ကုန်တိုင်းဒေသကြီးမှ ကိုကိုးကျွန်းစာစစ်ဌာန တွေပဲဖြစ်ပါတယ်။

တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကြေညာချက်များကို မြန်မာနိုင်ငံအထက်ပိုင်းဒေသရှိ လမ်းပန်းဆက်သွယ်ရေးခက်ခဲသော တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ စာစစ်ဌာနများအတွက် လှိုင်းတို ၃၀ ဒသမ ၈၅ မီတာ (၉၇၃၀ ကီလိုဟက်ဇ်) တို့မှ လည်းကောင်း၊ မြန်မာနိုင်ငံအောက်ပိုင်းဒေသရှိ လမ်းပန်းဆက်သွယ်ရေးခက်ခဲ့သော တိုင်းဒေသကြီး နှင့်ပြည်နယ်များရှိ စာစစ်ဌာနများအတွက် လှိုင်းလတ် ၄၁၁ ဒသမ ၅၂ မီတာ (၇၂၉ ကီလိုဟက်ဇ်) မှ လည်းကောင်း ဖမ်းယူနားဆင်နိုင်မှာ ဖြစ်ပါတယ်။

-သန္တာ