လန္ခ်န္း-မန္ေခါင္ တီထြင္ဆန္းသစ္မႈႏွင့္စီးပြားေရးစြန္႔ဦးတီထြင္မႈဆုကုိ ရန္ကုန္တကၠသိုလ္မွ ေက်ာင္းသူမ်ားအဖြဲ႕ ဒုတိယဆုရရွိ

[Zawgyi]

ဒုတိယအႀကိမ္ေျမာက္ လန္ခ်န္း-မန္ေခါင္ တီထြင္ဆန္းသစ္မႈႏွင့္ စီးပြားေရးစြန္႔ဦးတီထြင္မႈဆိုင္ရာ လူငယ္ေလ့က်င့္ေရးစခန္းမွာ ျမန္မာႏိုင္ငံကိုယ္စားျပဳ ရန္ကုန္တကၠသိုလ္မွ ေက်ာင္းသူမ်ားအဖြဲ႕ ဒုတိယဆုရရွိခဲ့တယ္လုိ႔ သိရပါတယ္။

၎ေလ့က်င့္ေရးစခန္းကို ဇူလိုင္လ ၁၈ ရက္မွ ၂၂ ရက္ထိ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ၊ ရွန္ဟိုင္းၿမိဳ႕ေတာ္ (Shanghai) မွာရွိတဲ့ ဖူဒါန္တကၠသိုလ္ (Fudan University) နဲ႔ တ႐ုတ္ႏိုင္ငံရဲ႕ဒုတိယေျမာက္ အႀကီးဆံုးကြ်န္းျဖစ္တဲ့ ခ်ံဳမင္ကြ်န္း (Chongming Island) မွာ ၅ ရက္တာ က်င္းပျပဳလုပ္ခဲ့တာျဖစ္ၿပီး မဲေခါင္ေဒသတြင္း ႏိုင္ငံ ၆ ႏိုင္ငံ ပါ၀င္္တဲ့ တ႐ုတ္ႏိုင္ငံမွ ၂ သင္း၊ ျမန္မာႏိုင္ငံမွ ၁ သင္း၊ လာအိုႏိုင္ငံမွ ၁ သင္း၊ ထိုင္းႏိုင္ငံမွ ၂ သင္း၊ ကေမၻာဒီးယားႏိုင္ငံမွ ၂ သင္းနဲ႔ ဗီယက္နမ္ႏိုင္ငံမွ ၂ သင္း စုစုေပါင္း အသင္း ၁၀ သင္း ပါ၀င္ခဲ့ၾကၿပီး တစ္သင္းကို အဖြဲ႕၀င္ ၃ ဦးစီ ပါ၀င္ကာ ေက်ာင္းသား၊ ေက်ာင္းသူ စုစုေပါင္း ၃၀ ဦး ပါ၀င္ခဲ့ၾကပါတယ္။

ဒီ အသင္း ၁၀ သင္းမွာ ၂၀၁၈ ဇန္န၀ါရီလမွာ လာအိုႏိုင္ငံ Vientiane ၿမိဳ႕ရွိ လာအိုအစိုးရတကၠသိုလ္ (Laos National University) မွာက်င္းပျပဳလုပ္ခဲ့တဲ့ တတိယအႀကိမ္ေျမာက္ မဲေခါင္ေဒသအစိုးရရဲ႕ စီမံခန္႔ခြဲမႈႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ မဲေခါင္ေဒသလူငယ္ေတြရဲ႕ တီထြင္ဆန္းသစ္မႈဆိုင္ရာ ပေရာဂ်က္ၿပိဳင္ပဲြ (YICMG: Youth Innovation and Competition on Mekong Governance and Development 2018)မွာ ခရီးသြားလုပ္ငန္းႏွင့္ အျခားပတ္၀န္းက်င္ကို အႏၲရာယ္မျပဳတဲ့စီးပြားေရးလုပ္ငန္းမ်ား(Tourism and Other Green Industries) ေခါင္းစဥ္နဲ႔ ဆုရရွိခဲ့တဲ့အဖြဲ႕ေတြ ျဖစ္ပါတယ္။

ဆုရရွိခဲ့တဲ့အသင္းေတြရဲ႕ ပေရာဂ်က္ေတြကို လက္ေတြ႕အေကာင္အထည္ေဖာ္ေဆာင္ရြက္နိုင္ေစရန္ ရည္ရြယ္ခ်က္နဲ႔ လူငယ္စြန္႔ဦးတီထြင္မႈဆိုင္ရာ သင္တန္းမ်ားပို႔ခ်ေပးၿပီး မိမိတို႔ရဲ႕ပေရာဂ်က္အသီးသီးကို ေလ့က်င့္စခန္းကာလအတြင္း ျပန္လည္ဆန္းသစ္တိုးတက္ေအာင္ ျပင္ဆင္ေစကာ ၿပိဳင္ပြဲထပ္မံျပဳလုပ္ၿပီး ယွဥ္ၿပိဳင္ေစခဲ့ပါတယ္။
ဇန္န၀ါရီလက က်င္းပခဲ့တဲ့ YICMG2018 မွာ The Most Valuable Issue Award ကို ရရွိခဲ့တဲ့ ရန္ကုန္တကၠသိုလ္ ဓာတုေဗဒဌာနမွ မေမျမတ္ႏိုး၊ ရန္ကုန္တကၠသိုလ္ ႐ုကၡေဗဒဌာနမွ မေမသူစိုးနဲ႔ ရန္ကုန္တကၠသိုလ္ ဥပေဒပညာဌာနမွ မေမျမတ္ႏိုးတို႔မွာ ရွန္ဟိုင္းၿမိဳ႕၊ ဖူဒါန္တကၠသိုလ္မွာက်င္းပတဲ့ ေလ့က်င့္ေရးစခန္းကို ထပ္မံတက္ေရာက္ရန္ ဖိတ္ေခၚျခင္းခံရၿပီး ၀င္ေရာက္ယွဥ္ၿပိဳင္ခဲ့ကာ ဒုတိယဆုကို ရရွိခဲ့ျခင္းျဖစ္ပါတယ္။

YICMG ပ႐ုိဂရမ္မွာ တ႐ုတ္ျပည္သူ႔သမၼတႏုိင္ငံ၊ ဖူဒါန္တကၠသိုလ္မွဦးစီးျပဳလုပ္တာျဖစ္ၿပီး ရန္ကုန္တကၠသိုလ္နဲ႔ ခ်ိတ္ဆက္ထားတဲ့ ပ႐ိုဂရမ္တစ္ခုျဖစ္ပါတယ္။ တစ္ႏွစ္လွ်င္တစ္ႀကိမ္ က်င္းပျပဳလုပ္ၿပီး ဆုရရွိတဲ့အသင္းေတြကုိ ထပ္မံေလ့က်င့္သင္ၾကားကာ ျပန္လည္ယွဥ္ၿပိဳင္ရတဲ့ အစီအစဥ္တစ္ခုျဖစ္ပါတယ္။ ၂၀၁၉ ခုႏွစ္မွာ စတုတၴအႀကိမ္ ေျမာက္ၿပိဳင္ပြဲကုိ ကေမၻာဒီးယားႏိုင္ငံမွာ က်င္းပျပဳလုပ္မယ္လုိ႔ သိရပါတယ္။

-သႏၲာ

[Unicode]

ဒုတိယအကြိမ်မြောက် လန်ချန်း-မန်ခေါင် တီထွင်ဆန်းသစ်မှုနှင့် စီးပွားရေးစွန့်ဦးတီထွင်မှုဆိုင်ရာ လူငယ်လေ့ကျင့်ရေးစခန်းမှာ မြန်မာနိုင်ငံကိုယ်စားပြု ရန်ကုန်တက္ကသိုလ်မှ ကျောင်းသူများအဖွဲ့ ဒုတိယဆုရရှိခဲ့တယ်လို့ သိရပါတယ်။

၎င်းလေ့ကျင့်ရေးစခန်းကို ဇူလိုင်လ ၁၈ ရက်မှ ၂၂ ရက်ထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှန်ဟိုင်းမြို့တော် (Shanghai) မှာရှိတဲ့ ဖူဒါန်တက္ကသိုလ် (Fudan University) နဲ့ တရုတ်နိုင်ငံရဲ့ဒုတိယမြောက် အကြီးဆုံးကျွန်းဖြစ်တဲ့ ချုံမင်ကျွန်း (Chongming Island) မှာ ၅ ရက်တာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး မဲခေါင်ဒေသတွင်း နိုင်ငံ ၆ နိုင်ငံ ပါ၀င််တဲ့ တရုတ်နိုင်ငံမှ ၂ သင်း၊ မြန်မာနိုင်ငံမှ ၁ သင်း၊ လာအိုနိုင်ငံမှ ၁ သင်း၊ ထိုင်းနိုင်ငံမှ ၂ သင်း၊ ကမ္ဘောဒီးယားနိုင်ငံမှ ၂ သင်းနဲ့ ဗီယက်နမ်နိုင်ငံမှ ၂ သင်း စုစုပေါင်း အသင်း ၁၀ သင်း ပါ၀င်ခဲ့ကြပြီး တစ်သင်းကို အဖွဲ့ဝင် ၃ ဦးစီ ပါ၀င်ကာ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၃၀ ဦး ပါ၀င်ခဲ့ကြပါတယ်။

ဒီ အသင်း ၁၀ သင်းမှာ ၂၀၁၈ ဇန်နဝါရီလမှာ လာအိုနိုင်ငံ Vientiane မြို့ရှိ လာအိုအစိုးရတက္ကသိုလ် (Laos National University) မှာကျင်းပပြုလုပ်ခဲ့တဲ့ တတိယအကြိမ်မြောက် မဲခေါင်ဒေသအစိုးရရဲ့ စီမံခန့်ခွဲမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မဲခေါင်ဒေသလူငယ်တွေရဲ့ တီထွင်ဆန်းသစ်မှုဆိုင်ရာ ပရောဂျက်ပြိုင်ပွဲ (YICMG: Youth Innovation and Competition on Mekong Governance and Development 2018)မှာ ခရီးသွားလုပ်ငန်းနှင့် အခြားပတ်ဝန်းကျင်ကို အန္တရာယ်မပြုတဲ့စီးပွားရေးလုပ်ငန်းများ(Tourism and Other Green Industries) ခေါင်းစဉ်နဲ့ ဆုရရှိခဲ့တဲ့အဖွဲ့တွေ ဖြစ်ပါတယ်။

ဆုရရှိခဲ့တဲ့အသင်းတွေရဲ့ ပရောဂျက်တွေကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ချက်နဲ့ လူငယ်စွန့်ဦးတီထွင်မှုဆိုင်ရာ သင်တန်းများပို့ချပေးပြီး မိမိတို့ရဲ့ပရောဂျက်အသီးသီးကို လေ့ကျင့်စခန်းကာလအတွင်း ပြန်လည်ဆန်းသစ်တိုးတက်အောင် ပြင်ဆင်စေကာ ပြိုင်ပွဲထပ်မံပြုလုပ်ပြီး ယှဉ်ပြိုင်စေခဲ့ပါတယ်။
ဇန်နဝါရီလက ကျင်းပခဲ့တဲ့ YICMG2018 မှာ The Most Valuable Issue Award ကို ရရှိခဲ့တဲ့ ရန်ကုန်တက္ကသိုလ် ဓာတုဗေဒဌာနမှ မမေမြတ်နိုး၊ ရန်ကုန်တက္ကသိုလ် ရုက္ခဗေဒဌာနမှ မမေသူစိုးနဲ့ ရန်ကုန်တက္ကသိုလ် ဥပဒေပညာဌာနမှ မမေမြတ်နိုးတို့မှာ ရှန်ဟိုင်းမြို့၊ ဖူဒါန်တက္ကသိုလ်မှာကျင်းပတဲ့ လေ့ကျင့်ရေးစခန်းကို ထပ်မံတက်ရောက်ရန် ဖိတ်ခေါ်ခြင်းခံရပြီး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကာ ဒုတိယဆုကို ရရှိခဲ့ခြင်းဖြစ်ပါတယ်။

YICMG ပရိုဂရမ်မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဖူဒါန်တက္ကသိုလ်မှဦးစီးပြုလုပ်တာဖြစ်ပြီး ရန်ကုန်တက္ကသိုလ်နဲ့ ချိတ်ဆက်ထားတဲ့ ပရိုဂရမ်တစ်ခုဖြစ်ပါတယ်။ တစ်နှစ်လျှင်တစ်ကြိမ် ကျင်းပပြုလုပ်ပြီး ဆုရရှိတဲ့အသင်းတွေကို ထပ်မံလေ့ကျင့်သင်ကြားကာ ပြန်လည်ယှဉ်ပြိုင်ရတဲ့ အစီအစဉ်တစ်ခုဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်မှာ စတုတ္ထအကြိမ် မြောက်ပြိုင်ပွဲကို ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပပြုလုပ်မယ်လို့ သိရပါတယ်။

-သန္တာ