လစဉ် Minecraft ကစားသူ သန်း ၁၃၀ ရှိ

လစဉ် Minecraft ကစားသူ ၁၃၁ သန်းကျော် ရှိတယ်လို့ Minecraft Live အတွင်း Mojang Studios က ထုတ်ပြန်ခဲ့ပါတယ်။

ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုအတွင်း Minecraft ဂိမ်းကစားမှု ပိုမိုမြင့်တက်လာပါတယ်။ “ကပ်ရောဂါ စတင်ဖြစ်ပွားပြီး နောက်ပိုင်း multiplayer ကဏ္ဍအတွင်း ၉၀ ရာခိုင်နှုန်းနီးပါး တိုးတက်လာတာ ကျွန်တော်တို့ မြင်ရပါတယ်။ ကျွန်တော်တို့ အသိုက်အဝန်းက တစ်လချင်း ကစားသူ ၁၃၂ သန်းနီးပါး အထိ တိုးတက်လာတယ်” လို့ Mojang ကမှတ်ချက်ပြုခဲ့ပါတယ်။

Minecraft Dungeons ကွန်ပျူတာဂိမ်းလည်း ထွက်ရှိထားပြီး Minecraft ဇာတ်ကောင်နဲ့ အစဉ်အလာအတိုင်း အခြားပုံစံတစ်ခုနဲ့ ကစားနိုင်ပါတယ်။ အဖွဲ့တွေက dungeons စီးရီးတစ်လျှောက် ရန်သူအမျိုးမျိုးကို စုစည်းတိုက်ခိုက်ရပါမယ်။

ဒီနှစ်အစောပိုင်းမှာ Minecraft ကော်ပီ သန်း ၂၀၀ ကျော် ရောင်းချရတယ်လို့ Mojang Studios က ထုတ်ပြန်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ဂိမ်းပုံမှန်ကစားသူ ၁၂၆ သန်း ရှိလာခဲ့တယ်။ ဒီနှစ်မှာ ထွက်ထားတဲ့ Minecraft ဂိမ်းအခြေခံ ဂိမ်းတွေနဲ့ Minecraft အခြေပြု content တွေကြောင့်လည်း ဂိမ်းကစားသူ အရေအတွက် တိုးတက်လာပါတယ်။

-စိုးထက်
Ref: PCMag

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««