လက်ရေး မှတ်စုတွေ ကူးယူနိုင်မယ့် Google Lens

Google ဟာ Google Lens မှာအလွန်အသုံးဝင်မယ့် feature တစ်ခုကို ထည့်သွင်းလိုက်ပါတယ်။ အဲဒီ feature ကတော့ Lens ကိုအသုံးပြုပြီး ဖုန်းကနေ လက်ရေးမှတ်စုတွေကို ကွန်ပျူတာဆီ copy and past လုပ်ဆောင်ချက်ဖြစ်ပါတယ်။ လက်ရေးရှင်းလင်းမှပဲ feature ကိုအသုံးပြုနိုင်ပါမယ်။
အဲဒီ feature အသစ်ကို Google Chrome နောက်ဆုံးဗားရှင်းရှိဖို့သလို Android မှာGoogle Lens သီးသန့် app နဲ့ iOS မှာ Google app ရှိရပါမယ်။ သုံးစွဲသူက ထုတ်ကုန် ၂မျိုးစလုံးမှာ Google account တစ်ခုတည်းကို ဝင်ထားဖို့ လိုပါမယ်။
အခု feature ကိုအသုံးပြုမယ်ဆိုရင် လက်ရေးမှတ်စုကို ကင်မရာရိုက်ပြီး မျက်နှာပြင်ပေါ်က highlight ကိုလုပ်ပြီး copy လုပ်ရပါမယ်။ သုံးစွဲသူက Google Docs က စာရွက်စာတမ်းတစ်ခုကို ရွေးပြီး စာသားကို paste လုပ်ရပါမယ်။
အခု feature ကတော့ လက်ရေးမပီသတဲ့အခါ စာသားအကျအပေါက်ရှိမယ်လို့ သိရပါတယ်။
ဒါ့အပြင် Google က copy-and-paste feature အသစ်အပြင် အသံထွက် tool ကိုလည်း ဖြန့်ချိလိုက်ပါတယ်။ Lens မှာ စကားလုံးတစ်လုံးကို highlight လုပ်လိုက်ရင် “Listen” ကိုနှိပ်ပြီး အသံကို နားထောင်နိုင်ပါတယ်။ အဲဒီ feature ကို Android မှာဖြန့်ချိလိုက်ပြီး iOS မှာမကြာခင် ပါဝင်လာနိုင်ပါတယ်။
စိုးထက်
Ref: TheVerge