လက်ဖဝါးနဲ့ ငွေချေနိုင်မယ့် Amazon One

Amazon ဟာ Amazon Go စတိုးဆိုင်တွေမှာ ငွေရှင်းကောင်တာတွေ ဖယ်ရှားဖို့ ကြိုးစားနေပါတယ်။ အဲဒီ ငွေရှင်းကောင်တာတွေနေရာမှာ Amazon One အမည်ရ biometric နည်းပညာကို အသုံးပြုပြီး ငွေရှင်းနိုင်ဖို့ ဆောင်ရွက်နေပါတယ်။ ဆီယက်တယ်မြို့က Amazon Go ဆိုင်တွေမှာ Amazon One ကိုအသုံးပြုဖို့ရှိပါတယ်။

“Amazon One ကမြန်ဆန်ပြီး သက်သောင့်သက်သာရှိသလို ထိတွေ့စရာ မလိုဘဲ စတိုးဆိုင်မှာ ငွေချေတာ၊ loyalty ကတ်ပြတာ၊ အားကစားရုံထဲဝင်တာ ဒါမှမဟုတ် အလုပ်ထဲဝင်ရောက်တာ စတဲ့ နေ့စဉ်လုပ်ငန်းတွေမှာ လက်ဖဝါးအသုံးပြုလို့ရပါတယ်။

အခုဝန်ဆောင်မှုက အလွန်လုံခြုံမှုရှိပြီး သီးသန့်တည်ဆောက်ထားတဲ့ algorithm အသုံးပြုထားသလို လူတစ်ဦးရဲ့ သီးသန့် လက်ဖဝါးလက္ခဏာတစ်ခုကို ဖန်တီးဖို့ hardware လည်းရှိပါတယ်” လို့ Amazon လက်လီဆိုင်နဲ့ နည်းပညာဒုဥက္ကဋ္ဌ ဒီလစ်ကူမာက ပြောခဲ့ပါတယ်။

Amazon Go စတိုးဆိုင်တစ်ခုမှာ Amazon One အသုံးပြုဖို့ စာရင်းပေးနိုင်ပါတယ်။ အခုလုပ်ငန်းစဉ်က တစ်မိနစ်လောက်ပဲ ကြာမြင့်ပြီး စာရင်းပေးသွင်းသူရဲ့ လက်ဖဝါးလက္ခဏာက အကြွေးဝယ်ကတ်နဲ့ချိတ်ဆက်ထားပါတယ်။ ပြီးရင်တော့ Amazon Go စတိုးထဲ ဝင်ရောက်ဖို့ Amazon One ထုတ်ကုန်မှာ လက်ဖဝါးရွေ့လျားလိုက်ရုံပါပဲ။

-စိုးထက်
Ref: TheVerge

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««