လက်တွေ့အသုံးချ ဓာတ်ပုံသင်တန်း ဖွင့်လှစ်မည်

ဓာတ်ပုံဆိုင် ဖွင့်လှစ်ပြီး အသက်မွေး၀မ်းကျောင်း ပြုလုပ်သူများ အတွက် လက်တွေ့အသုံးချ ဓာတ်ပုံရိုက်ကူးခြင်းတွေကို ပို့ချပေးမယ့် ရက်တိုသင်တန်းကို နေပြည်တော်မှာ ပို့ချမှာ ဖြစ်တဲ့အတွက် တက်ရောက်လိုသူတွေ အနေနဲ့ စာရင်းပေးသွင်းနိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

သင်တန်းကို အဖွဲ့အစည်းအလိုက် အပတ်စဉ်နဲ့ သင်ကြားနိုင်သလို တစ်ဦးချင်း One By One စနစ်နဲ့ အထူးသင်ကြားပေးမှုတွေလည်း ရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဌာနဆိုင်ရာများ လိုအပ်ချက်အရ အုပ်စုလိုက် သင်ကြားမှုလည်း ပါ၀င်ပါတယ်။

သင်တန်းကို ဆရာကျော်ကျော်၀င်း (စွယ်တော်ရိပ်) ရဲ့ တပည့်တစ်ဦးဖြစ်တဲ့ ကိုမောင်မောင်မင်းသူ (EICS Photo Express) ကပို့ချမှာ ဖြစ်ပြီး သင်တန်းမှာ Lighting Theory & Direction of Light, Camera Setting, Portrait, Model, Landscape, Family Photo, အလှူမင်္ဂလာ အောက်ဒိုးရိုက်ကူးမှု စတဲ့သင်ခန်းစာတွေပါရှိမှာ ဖြစ်ပါတယ်။ သင်တန်းကြေးကတော့ အဖွဲ့လိုက်သင်ကြားမှုအတွက် တစ်ဦးကို ငါးသောင်းကျပ် ဖြစ်ပါတယ်။

သင်တန်းချိန်ကိုတော့ ညှိနှိုင်းနိုင်ပြီး လက်ရှိဓာတ်ပုံရိုက်ကူးနေသူများ၊ ဓာတ်ပုံအောက်ဒိုး ရိုက်ကူးခြင်းနဲ့ အသက်မွေး၀မ်းကျောင်းပြုလုပ်သူများ၊ စာစီစာရိုက်လုပ်ငန်းနဲ့ တွဲဖက်လုပ်ကိုင်လိုသူများ၊ အမှန်တကယ်လေ့လာလိုသူများနဲ့ ဝါသနာပါသူများ တက်ရောက်သင့်ပြီး တက်ရောက်လိုပါက ကိုမောင်မောင်မင်းသူ ( EICS Photo Express) ဖုန်း – ၀၉ ၉ ၉ ၇၄၉ ၁၄၆၉ ၆ သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

-ကျော်ဇေယျ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««