လက်တစ်ဝါးစာအရွယ်ပဲရှိတဲ့ DJI Mini 2 ဒရုန်း

မနှစ်ကထွက်ရှိခဲ့တဲ့ DJI Mavic Mini ဟာ ဈေးကွက်ထဲမှာ သေးငယ်ပြီး အပေါ့ပါးဆုံး ဒရုန်းဖြစ်ပေမယ့် အကန့်အသတ်တွေရှိပါတယ်။ အသစ်ထွက်လာတဲ့ DJI Mini 2 ကတော့ အကန့်အသတ်တချို့ကို ပြင်ဆင်ထားပါတယ်။

ဒေါ်လာ ၄၄၉ တန်ကြေးရှိတဲ့ DJI Mini 2 ကတော့ မူလဒရုန်းနဲ့ ပုံစံတူပါတယ်။ ဒါပေမဲ့ အလေးချိန်က ၂၄၉ ဂရမ်ပဲ ရှိပါတယ်။ ဒရုန်းမှာပါဝင်တဲ့ DJI ရဲ့ OcuSync 2 ကြိုးမဲ့ချိတ်ဆက်မှု အကွာအဝေးကတော့ ၂ ဆခွဲ အထိ မြင့်တက်လာပါတယ်။

အခု ဒရုန်းမှာ DJI Mavic Air 2 ကခလုတ်ကိုပဲ အသုံးပြုထားပါတယ်။ Mini 2 မှာတော့ ဗီဒီယိုအရည်အသွေး ပိုမို ကောင်းမွန်လာပြီး 100Mbps bitrate နဲ့ တစ်စက္ကန့် frame အခု ၃၀ နဲ့ 4K ရိုက်ကူးနိုင်ပါတယ်။

အရင်မော်ဒယ်ကတော့ 40Mbps နဲ့ တစ်စက္ကန့် frame 25/30 2.7K အထိပဲ ရိုက်နိုင်ပါတယ်။ ဒါ့အပြင် JPG အစား RAW ဓာတ်ပုံကို ထုတ်နိုင်ပါတယ်။ Mini 2 မှာပါဝင်တဲ့ ½.3 လက်မ sensor ပါဝင်ပြီး ဗီဒီယိုတွေကိုတော့ 60fps နဲ့ 1080p ရုပ်ထွက်အရည်အသွေး အထိ ရိုက်နိုင်ပါတယ်။

Mini 2 ပျံသန်းမှု မော်တာကတော့ မြန်ဆန်လာပြီး တစ်နာရီ ၃၅.၈ မိုင်နှုန်းနဲ့ ၃၁ မိနစ်အထိ ပျံဝဲနိုင်ပါတယ်။ ဒါ့အပြင် တစ်နာရီ ၂၄ မိုင်နှုန်း တိုက်ခတ်တဲ့ လေပြင်းဒဏ်ကိုလည်း ခံနိုင်ရည်ရှိပါတယ်။

-စိုးထက်
Ref: TheVerge

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««