လက်ညာစွန်း ZeroHedge ဝက်ဘ်ဆိုက်ကို ကြော်ငြာပလက်ဖောင်းကနေ Google ထုတ်ပယ်

Google ဟာ ပူးပေါင်းကြံစည်မှု သီအိုရီတွေနဲ့ လူကြိုက်များတဲ့ လက်ညာစွန်းဝက်ဘ်ဆိုက် ZeroHedge ကို ကြော်ငြာပလက်ဖောင်းကနေ ထုတ်ပယ်လိုက်ပါတယ်။

ZeroHedge ဟာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ Black Lives Matter ဆန္ဒပြပွဲနဲ့ပတ်သက်တဲ့ သတင်းရဲ့ မှတ်ချက်ကဏ္ဍအတွင်း ပေါ်လစီကို ချိုးဖောက်ခဲ့တယ်လို့ သိရပါတယ်။

ဆန္ဒပြပွဲနဲ့ဆက်စပ်တဲ့ ဆောင်းပါး အတွင်းက မှတ်ချက်နဲ့ပတ်သက်ပြီး The Federalist ဝက်ဘ်ဆိုက်မဂ္ဂဇင်းကိုလည်း သတိပေးခဲ့ပါတယ်။ Google ရဲ့ လူမျိုးရေးနဲ့ဆက်နွှယ်ယ်တဲ့ content က ပေါ်လစီကို ချိုးဖောက်ခဲ့တဲ့အတွက် ဝက်ဘ်ဆိုက်ကို ကြော်ငြာပလက်ဖောင်းကနေ ပယ်ဖျက်လိုက်တယ်လို့ ပြောခဲ့ပါတယ်။

Google အနေနဲ့ ZeroHedge ကို ပလက်ဖောင်းပေါ်က ပယ်ဖျက်ပြီးနောက် The Federalist ကိုလည်း ပေါ်လစီချိုးဖောက်မှုနဲ့ သတိပေးထားပြီး အရေးယူဖို့ အချိန်ကျန်ပါသေးတယ်။ The Federalist က ပလက်ဖောင်းပေါ်က မပယ်ဖျက်ခင် ချိုးဖောက်မှုတွေကို ဝက်ဘ်ဆိုက်ပေါ်က ဖယ်ရှားဖို့ အချိန် ၃ ရက် ရပါတယ်။

Google ကလည်း ပြီးခဲ့တဲ့အပတ်က ပေါ်လစီချိုးဖောက်မှုကို ZeroHedge ကို သတိပေးပြီးတဲ့နောက် ကြော်ငြာပလက်ဖောင်းကနေ ဖယ်ရှားလိုက်တာ ဖြစ်ပါတယ်။

စိုးထက်
Ref: NBCNews