လက်ကျန် မိနစ်များ သယ်ဆောင်အသုံးပြုနိုင်သည့် “ကြိုက်ရာခေါ်” အစီအစဉ်ကို MPT မိတ်ဆက်

Joint Operations (JO) ရဲ့ (၇) နှစ်မြောက်သို့ ရောက်ရှိခြင်း အဖြစ် ရင်ခုန်စိတ်လှုပ်ရှားစရာ အထူးပရိုမိုးရှင်းအစီအစဉ်များကို ပေးအပ်လျက်ရှိရာ ကြိုက်နှစ်သက်ရာ ပြည်တွင်းမှ မည်သည့် ဖုန်းလိုင်းကိုမဆို ဖုန်းခေါ်ဆိုမှု အကြိမ်အရေအတွက် ကန့်သတ်ချက် မရှိဘဲ စိတ်ကြိုက်ခေါ်ဆို နိုင်ပြီး အသုံးမပြုဘဲ ကျန်ရှိတဲ့ voice မိနစ်တွေကို သယ်ဆောင် အသုံးပြုနိုင်မယ့် ကြိုက်ရာခေါ် ဝန်ဆောင်မှုကို မိတ်ဆက်လိုက်ပါတယ်။

ကြိုက်ရာခေါ် ပက်ကေ့ချ်တွင် မည်သည့် ပြည်တွင်းဖုန်းလိုင်းကိုမဆို ဖုန်းခေါ်ဆိုမှုများ ပြုလုပ်ရန်အတွက် မိနစ် ၉၂ နှင့် မိနစ် ၁၉၀ (၂) မျိုးပါရှိပြီး ပက်ကေ့ချ်သက်တမ်းမှာ ၁၅ ရက် သို့မဟုတ် ရက် ၃၀ ဖြစ်ပါတယ်။ စျေးနှုန်းကတော့ ၉၉၇ ကျပ်နဲ့ ၁,၉၉၇ ကျပ် အသီးသီး ဖြစ်ပါတယ်။ “ကြိုက်ရာခေါ်” အစီအစဉ်ကို MPT GSM/WCDMA prepaid and postpaid [ဆွေသဟာ/ ရှယ်ပြော/ရွှေစကား နှင့် Base Tariff အစီအစဉ်] အသုံးပြုနေသူများအားလုံး ဝယ်ယူ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

သုံးစွဲသူတွေအနေနဲ့ လက်ကျန် Voice မိနစ် သယ်ဆောင်နိုင်တဲ့ ကာလ (Package ၏ သက်တမ်းကုန်ဆုံးပြီး ၇ ရက်) အတွင်း ကြိုက်ရာခေါ် ပက်ကေ့ချ် အသစ် ဝယ်ယူပါက အသုံးပြုရန်ကျန်ရှိနေတဲ့ ပက်ကေ့ချ် Voice Minutes ကို ပက်ကေ့ချ်အသစ်ရဲ့ သက်တမ်းအတိုင်း ပေါင်းစည်းအသုံးပြုနိုင်မှာဖြစ်တယ်လို့သိရပါတယ်။ အသုံးမပြုရသေးတဲ့ မိနစ်များကို သယ်ဆောင်နိုင်ရန် Package ရဲ့ သက်တမ်းကုန်ဆုံးပြီး ၇ ရက်အတွင်း “ကြိုက်ရာခေါ်” ပက်ကေ့ချ်အသစ် ဝယ်ယူရန် လိုအပ်မယ်လို့ သိရပါတယ်။

-အောင်သူ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««