လက်တော့ပ် မော်ဒယ် ၅၀၀ နီးပါးတွင် keylogger ပါဝင်ကြောင်း HP ပြောကြား

လက်တော့ပ် အမှတ်တံဆိပ်နဲ့ မော်ဒယ်အချို့မှာ ထည့်သွင်းထားတဲ့ ဆော့ဖ်ဝဲတစ်ခုက အားနည်းချက်တစ်ခုကို လုံခြုံရေး သုတေသီ တစ်ဦးက ရှာဖွေတွေ့ရှိခဲ့ပါတယ်။

အဲ့ဒီ အားနည်းချက်ကို Pavilion, EliteBook နဲ့ ProBook အပါအဝင် HP လက်တော့ပ်မော်ဒယ် ၄၆၀ က keyboard နဲ့ trackpad input တွေကို ထိန်းချုပ်တဲ့ Synaptics ဆော့ဖ်ဝဲမှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ဒါဟာ keyboard ပေါ်က နှိပ်သမျှအရာအားလုံးကို မှတ်တမ်းတင်နိုင်တဲ့ keylogger တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

Keylogger ဟာ အလွန်အန္တရာယ်ရှိပြီး ဟက်ကာတွေက password လိုမျိုး အရေးကြီးတဲ့အချက်အလက်တွေကို မှတ်တမ်းတင်ရယူပြီး ပေးပို့နိုင်ပါတယ်။

ဒါပေမဲ့ HP လက်တော့ပ်တွေမှာပါဝင်တဲ့ Synaptics ဆော့ဖ်ဝဲက keylogger ကို default အနေနဲ့ disable လုပ်ထားတာကြောင့် keylogger ကို enable လုပ်ဖို့အတွက် ဟက်ကာတစ်ယောက်က အားနည်းချက်ရှိတဲ့လက်တော့ပ်ကို အသုံးပြုခွင့်ရရှိဖို့ လိုအပ်မှာဖြစ်ပါတယ်။

“Synaptics ရော HP ကပါ သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို မရယူထားပါဘူး” လို့ HP က support page ပေါ်မှာ ပြောကြားထားပါတယ်။

ဒါ့အပြင် HP က အားနည်းချက်ရှိတဲ့ လက်တော့ပ်မော်ဒယ်တွေအတွက် software update တစ်ခုကို ဖြန့်ချိပေးထားပါတယ်။ တကယ်လို့ ကိုယ့်ရဲ့ HP လက်တော့ပ်မော်ဒယ်ကို မသိဘူးဆိုရင် ကွန်ပျူတာအောက်ဘက်က စတစ်ကာတစ်ခုမှာ စစ်ဆေးနိုင်ပါတယ်။

“Synaptics OEM လုပ်ဖော်ကိုင်ဖက်အားလုံးမှာ အကျိုးသက်ရောက်မှုဖြစ်စေတဲ့ Synaptics ရဲ့ touchpad driver တွေမှာ ပြဿနာ တစ်ခုရှိနေတယ်ဆိုပြီး အကြောင်းကြားလာပါတယ်။ HP အနေနဲ့ ကုမ္ပဏီရဲ့ မိုဘိုင်း PC အချို့မှာ Synaptics touchpad တွေကို အသုံးပြုထားပါတယ်။ အဲ့ဒီပြဿနာကို ဖြေရှင်းဖို့အတွက် HP က Synaptics နဲ့ လက်တွဲဆောင်ရွက်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ကနေ သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို HP က ရယူထားခြင်းမရှိပါဘူး” လို့ HP က ထုတ်ပြန်ခဲ့ပါတယ်။

-နောင်နောင်
Ref: BusinessInsider