လက်ဖမိုးအတွက် စမတ်နာရီ gesture တွေကို မူပိုင်ခွင့်တင်လိုက်တဲ့ Huawei

လွန်ခဲ့တဲ့ တစ်လက touch-sensitive bezel မူပိုင်ခွင့်တစ်ခုတင်ခဲ့တဲ့ Huawei ဟာ အခုအခါမှာလည်း လက်ဖမိုးပေါ်မှာ ပြုလုပ်နိုင်မယ့် စမတ်ဖုန်း gesture တွေအတွက် မူပိုင်ခွင့်ကို လျှောက်တင်လိုက်တယ်လို့ သိရပါတယ်။ ဒါဟာ ultrasonic နဲ့ infrared sensor တွေက လက်ချောင်းတွေရဲ့လှုပ်ရှားမှုကို ခြေရာခံမယ့်အဓိပ္ပာယ်ဖြစ်ပါတယ်။

ဒီနည်းပညာဟာ စမတ်နာရီ display ရဲ့ touch ဧရိယာမှာပဲ အလုပ်လုပ်မှာဖြစ်ပါတယ်။ မူပိုင်ခွင့်မှာတော့ ထုတ်ကုန်အနေနဲ့ နာရီတစ်ဝိုက်မှာရှိတဲ့ ဇုန်လေးခုက လှုပ်ရှားမှုတွေကို သိရှိနိုင်တယ်လို့ ဖော်ပြထားပါတယ်။ ဒါဟာ သုံးစွဲသူအနေနဲ့ gesture တွေကို လေထဲမှာတောင် ရေးဆွဲနိုင်စေမယ့် အဓိပ္ပာယ်ဖြစ်ပါတယ်။

Sensor က gesture စတင်ပြုလုပ်ချိန်နဲ့ ရပ်တန့်ချိန်ကို သိရှိနိုင်ပါတယ်။ အဓိကလိုအပ်တာက လက်ချောင်းကို နာရီဝတ်ထားတဲ့ လက်နဲ့ တူညီတဲ့အမြင့်မှာ ထားပြီး ရေးဆွဲဖို့ဖြစ်ပါတယ်။

ဒါ့အပြင် Huawei ဟာ စမတ်နာရီနဲ့ စမတ်ဖုန်း screen ပေါ်မှာသုံးသလိုမျိုး double-click, long press နဲ့ multiple fingers gesture တွေကိုလည်း အကောင်အထည်ဖော်ဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

-နောင်နောင်
Ref: GSMArena