ရှေးဦးကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဘွဲ့လွန်ဒီပလိုမာ သင်တန်းအမှတ်စဉ် ၃ ဖွင့်လှစ်မည်

ရန်ကုန်ပညာရေးတက္ကသိုလ်မှ ရှေးဦးကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာဘွဲ့ လွန်ဒီပလိုမာသင်တန်း Diploma in Early Childhood Care and Development (Dip ECCD) အမှတ်စဥ် ၃ ကို ဒီဇင်ဘာ ၂ ရက် မှာစတင်ဖွင့်လှစ် သွားမယ်လို့သိရပါတယ်။

အဆိုပါသင်တန်းကို ရန်ကုန်ပညာရေးတက္ကသိုလ် အမျိုးသားလူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှု ဌာနအစီအစဉ် နဲ့ ဖွင့်လှစ် တာဖြစ်ပြီး တက္ကသိုလ်တစ်ခုခုမှ ဘွဲ့တစ်ခုခုရရှိပြီးသူ မည်သူမဆို လျှောက်ထား တက်ရောက်နိုင်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ECCD Center တွေနဲ့ မူကြိုကျောင်းတွေကို သွားရောက်၍ လက်တွေ့ကွင်းဆင်းနိုင်သူလည်း ဖြစ်ရမှာဖြစ်ပါတယ်။ သင်တန်းကာလ မှာ ၁၀ လ ကြာမြင့်မှာဖြစ်ပြီး သင်တန်းကြေး ကတော့ ၂၀၀,၀၀၀ ကျပ် ဖြစ်ပါတယ်။ သင်တန်းချိန်ကတော့ တနင်္လာမှသောကြာအထိ ညနေ ၄ နာရီခွဲမှ ၆ နာရီခွဲထိ ဖြစ်ပါတယ်။

သင်တန်း ဝင်ခွင့် လျှောက်လွှာတွေကို အောက်တိုဘာ ၃၁ ရက်မှ စတင်ကာ website www.yuoe.edu.mm မှ Download ရယူနိုင်ပါတယ်။ လျှောက်လွှာတွေကို နိုဝင်ဘာ ၈ ရက် နောက်ဆုံးထားကာ ရန်ကုန်ပညာရေးတက္ကသိုလ် သင်တန်းရေးရာဌာန မှာ ပြန်လည်တင်သွင်း ရမှာပါ။ သင်တန်းဝင်ခွင့်အတွက် ရေးဖြေ နှုတ် ဖြေ စာမေးပွဲ များ ဖြေဆိုရမှာဖြစ်ပြီး နိုဝင်ဘာ ၁၃ ရက်မှာ မြန်မာစာဘာသာရပ်ကို နံနက် ၉ နာရီမှ ၁၁ နာရီထိ လည်းကောင်း၊ အင်္ဂလိပ်စာ ဘာသာရပ်ကို မွန်းလွဲ ၁ နာရီမှ ၃ နာရီအထိ လည်းကောင်း ဖြေဆိုရမှာပါ။ လူတွေ့စစ်ဆေးခြင်းကိုတော့ နိုဝင်ဘာ ၂၂ ရက် မှာ ကျင်းပ ပြုလုပ်သွားမှာပါ။ အသေးစိတ် အချက်အလက်တွေကို ရန်ကုန်ပညာရေးတက္ကသိုလ်၊ သင်တန်းရေးရာဌာန၊ ဖုန်း-၀၁-၅၃၄၂၇၃၊ ၀၁-၅၂၆၉၃၇ ကို ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်။

-သန္တာ